Category: Vietnam

bagan-myanmar

နှစ်သစ်ခရီး:၂၀၁၆ကိုကုန်ဆုံးဖို့အတွက်အကောင်းဆုံးနေရာများ

၂၀၁၇ကိုရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ပြီးတော့၂၀၁၆ ခုနှစ်ကုန်ဆုံးတော့မယ် ဆိုရင်ကောင်းတဲ့ အရာတွေကို  ပြုလုပ်ရင်းကုန်ဆုံးတာ ပိုကောင်းပါတယ်။Christmasကို လပြည့်ညပါတီတွေ နဲ့နှင်းလျှောစီး အပန်းဖြေစခန်းတွေမှာပဲကုန်ဆုံးပြီး အားလပ်ရပ်တွေကို မဖြုန်းတီးပစ်ပါနဲ့။ နှစ်သစ်ကိုကြိုဆိုဖို့အတွက် လှပတဲ့နေရာအချို့ Asia မှာရှိပါတယ်။ Great Wall of China, China ရှေးဦးကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး စံပြုလောက်တဲ့ အထင်ကရနေရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ Great Wall က လူသားတွေတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တံတိုင်းကြီးဖြစ်ပါတယ်။ Jinshanling ကနေ Simatai ကို တစ်ရက်တာ ခြေလျင်သွားခြင်းနဲ့ Bedaling ၀န်းကျင်မှာလည်ပတ်ခြင်းက Beijing ခရီးစဉ်မှာ မပါမဖြစ်ပါပဲ။ တံတိုင်းရဲ့ ပိုပြီး တိတ်ဆိတ်တဲ့နေရာကိုသွားချင်တယ်ဆိုရင်တော့ Gubeikou ကနေ Jinshanling ကိုသွားတဲ့လမ်းကြောင်းကို ရွေးချယ်ပါ။ မဟာတံတိုင်းကြီးက နှစ်သစ်ကိုကြိုဆိုဖို့ အကောင်းဆုံး အတွေ့အကြုံတွေသစ် […]

Read More

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့မှတောင်ပိုင်း ဟိုချီမင်းမြို့ သို့ ခရီး

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်း သို့ သွားရာ လမ်းတစ်လျှောက် ၀င်လည်စရာ လှပတဲ့ နေရာများ ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့မှတောင်ပိုင်း ဟိုချီမင်းမြို့ သို့ ခရီးသွားရာ လမ်းတစ်လျှောက်ရှိ ၀င်ရောက်လည်ပတ်စရာ နေရာများ အာရှတိုက်က နိုင်ငံ ငယ်လေး ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံဟာ ခရီးသွားတွေ ရွေးချယ်လာကြတဲ့ အသွားများတဲ့ နေရာလေး တစ်ခုဖြစ်လာပါပြီ။ ဘန်ကောက်မြို့တော် နဲ့ ဘာလီကျွန်း စတဲ့ အရှေ့တောင်အာရှ က နေရာ တွေ မှာ ကမ္ဘာလှည့်ခရီးသည် တွေ နဲ့ ပြည့်နှက်နေတဲ့အချိန်မှာ ဗီယက်နမ်နိုင်ငံ ရဲ့ လူသိ မများသေးတဲ့ ချစ်စရာကောင်း ပြီး လှပ တဲ့ နေရာလေးတွေ ဟာ […]

Read More
One-Pillar-Pagoda-Vietnam

Asia ရဲ့အထူးခြားဆုံးဘုရားအဖြစ်သတ်မှတ်ခံရတဲ့ One-Pillar (ကျောက်တိုင်) ဘုရား

အမျိုးသားသမိုင်းဝင်နေရာတစ်ခု အဖြစ်သတ်မှတ်ခဲ့တဲ့ 1962 နောက်ပိုင်းရာစုနှစ် တစ်ဝက်လောက် အကြာ ၊Vietnamဂရင်းနစ် မှတ်တမ်းမှာ ဗိသုကာလက်ရာ အမြောက်ဆုံး ဘုရားအဖြစ် မှတ်တမ်းတင်ပြီး (၇) နှစ်အကြာမှာ Mot Cott (One-Pillar) ဘုရားကAsiaတိုက်မှာဗိသုကာလက်ရာအမြောက်ဆုံး ဘုရားတစ်ဆူအဖြစ် Asia Record Organizationရဲ့အသိမှတ်ပြုခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ Mot Cot ဘုရားက နှစ်ပေါင်း တစ်ထောင်နီးပါး သက်တမ်းရှိနေတဲ့ဘုရားတစ်ဆူဖြစ်ပြီး သမိုင်းဝင်အမွေအနှစ် များစွာနဲ့ ဗိသုကာလက်ရာများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဗီယက်နမ်ရဲ့အကောင်းဆုံးသမိုင်းမှတ်တမ်းတစ်ခုဖြစ်တဲ့ “Dai Viet su ky toan thu” အရ Mot Cot ဘုရားကို Ky Suu နှစ်၊ ရက်စွဲအရပြောရရင် Sung Hung Dai Bao 1 (1049) ၊ […]

Read More

သင့်ရဲ့ သဲကန္တာရ အသေးစား စွန့်စားခန်းအတွက် သဲသောင်ပြင် ၅ ခု

ဆာဟာရာ ကို မေ့လိုက်ပါ။ အာရှမှာတင် သင် တွေ့ကြုံနိုင်တဲ့ သဲသောင်ပြင်နဲ့ သဲကန္တာရပုံစံတွေ ရှိပါတယ်။ သဲသောင်ပြင်တွေဆီ သွားလည်ဖို့ စိတ်ကူးဟာ စင်္ကာပူမြို့ရဲ့ အဲယားကွန်းနဲ့ သက်သောင့်သက်သာ ရှိနေမှု ကနေ ဝေးကွာတဲ့ ပူပြင်းတဲ့ နေနဲ့ အထီးကျန်တဲ့ သဲကန္တာရ ဆီ ကို ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် အာရှမှာတင် စွန်းမိုက်တဲ့ သဲသောင်ပြင်တွေ ရှိတာ သင်သိပါသလား။ သူတို့က အာဖရိက က ဆာဟာရာ (ဒါမှမဟုတ်) ဂိုဘီ သဲကန္တာရ လောက် နာမည်မကြီးပေမယ့် သွားလာရလွယ်ကူပါတယ်။ ယခု ကျွန်တော်ဖော်ပြမှာကတော့ မြို့ပြကနေ သိပ်မဝေးဘဲ သင် သွားနိုင်တဲ့ အာရှက သဲသောင်ပြင် ၆ ခုပါဘဲ။ သေချာတာကတော့ သင် အပူဒဏ်ကနေ ထွက်ပြေးလို့မရဘူးဆိုတာဘဲ။ […]

Read More
Meghalaya waterfall India

Asia ရဲ့ အလှပဆုံး လျှို့ဝှက်နေရာ (၁၀) ခု

လာမယ့်(၁၂)လအတွင်းအာရှရဲ့ဘယ်နေရာကိုသွားရမလဲဆိုတာဆုံးဖြတ်ရခက်နေပါသလား။LonelyPlanetသတင်းထောက်တွေက တောင်တွေကျော်၊ပင်လယ်တွေဖြတ်ပြီးရှာဖွေထားတဲ့စိတ်ဝင်စားဖွယ်နေရာတွေရှိပါတယ်။ကဲ….ဘယ်ကိုသွားမလဲဆိုတာဒီဆောင်းပါးကိုဖတ်ရင်း လေ့လာကြည့်ပါအုံး။ 1 Hokkaido, Japan © Seigo Yamamura/Aflo / Getty Images Hokkaido ရဲ့ အလှပဆုံး နှင်းတွေက နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် Hokkaido မှာရှိတဲ့ ဂျပန်နိုင်ငံမြောက်ဘက်ဆုံး ကျွန်းကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ခြေလျင်ဖြစ်ဖြစ်၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ဖြစ်ဖြစ် တက်နိုင်တဲ့ တောင်တန်းတွေ၊ လှပတဲ့ တောင်ပေါ်ရွာလေးတွေနဲ့ ဂဏန်း၊ ခရု၊ ကမာ စတဲ့ ပင်လယ်စာတွေလည်း ပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Hokkaido ရဲ့တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hakodate နဲ့ Tokyo ကို ကျည်ဆံရထားပြေးဆွဲ နေပြီဆိုတော့ အရင်ထက်အများကြီး သွားရလွယ်ကူသွားတာပေါ့။ ပြေးဆွဲနေတဲ့ ရထားကလည်း နာမည်ကျော် Japan […]

Read More
rebak-island

အရှေ့တောင်အာရှရဲ့ စိတ်ကူးယဉ်အဆန်ဆုံး အပန်းဖြေနေရာ (၉)ခု

1 Song Saa Private Island, Cambodia Cambodia နိုင်ငံ Koh Rong ကျွန်းစုတွေတည်ရှိရာ ပင်လယ်ပြာပြာကြီးထဲမှာ  Koh Quen နဲ့ Koh Bong ကျွန်းနှစ်ကျွန်းကလဲ ဘေးချင်းယှဉ်လျက် လှလှပပ ရှိနေပါတယ်။ အဲ့ဒီ့ကျွန်းနှစ်ကျွန်းကို ဒေသခံတွေက “Song Saa” လို့ခေါ်ကြတယ်။ ခမာအခေါ်အရဆိုရင် “ချစ်သူများကျွန်း” လို့အဓိပ္ပါယ်ရပါတယ်။ Song Saa Private Island ကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ကျွန်းပေါ်က အပန်းဖြေဟိုတယ် တစ်ခုပဲဖြစ်ပါတယ်။ ပင်လယ်ထဲက သယံဇာတတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ပင်လယ်ပြင်ဘက်မှာ အပန်းဖြေအိမ်နည်းနည်းဘဲ ထားရှိပါတယ်။  အပန်းဖြေဟိုတယ်မှာနေပြီး လှပတဲ့ပင်လယ်ပြင်အလှကို အိပ်ရာထဲကနေ လဲလျောင်း ခံစားရင်း အေးအေးဆေးဆေးအနားယူနိုင်ပါတယ် ။ အိပ်ခန်းထဲမှာအနားယူရတာ ပျင်းလာပြီဆိုရင်တော့ နေထွက်ချိန်မှာ […]

Read More
Pongour.Falls

ဗီယက်နမ် နိုင်ငံ က နာမည်ကျော် Dalat ရေတံခွန်တွေရဲ့ သဘာoပသာဒ အလှအပ

ယေဘုယျအားဖြင့် ဗီယက်နမ်နိုင်ငံ Lam Dong၊ ပြည်နယ်အတိအကျ ပြောရမယ်ဆိုရင် Lam Dong ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ Dalat ဟာ လှပတဲ့ ရေတံခွန်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ ရေတံခွန် တစ်ခုချင်းစီဟာလည်း ခရီးသွား အများကြီး ကို ဆွဲဆောင်နိုင်တဲ့ တစ်မူထူးခြားပြီး ကွဲပြားတဲ့ အလှကို ပိုင်ဆိုင်ထားကြပါတယ်။ သင် သဘာဝရှုခင်းတွေကြည့်ရှုခံစားဖို့ သွားနိုင်သလို Da Lat မှာသာ ရနိုင်တဲ့ စိတ်ဝင်စားဖွယ်ရာ ခရီးသွား လှုပ်ရှားမှု တွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်ပါတယ်။ Dalat ရေတံခွန်တွေထဲမှာမှ အကောင်းဆုံး ရေတံခွန် (၄) ခုရှိပါတယ်။ ၄င်းတို့ထဲက (၃) ခုကို တစ်ရက်ထဲနဲ့ သွားလည်နိုင်ပါတယ်။ Dalat မှာ သင်တည်းတဲ့ ဟိုတယ် […]

Read More
camden-town-london

ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဆိုးရွားဆုံး ခရီးသွားအတွေ့အကြုံများ

ခရီးသွားရတာ အမြဲတမ်းပျော်စရာတွေချည်းဘဲမဟုတ်ပါဘူး။ တစ်ခါတစ်လေဆို ကြောက်စရာကောင်းတာတွေလည်း တွေ့ကြုံရတတ်ပါတယ်။ ဒါပေမယ့် ပျော်စရာတွေကပိုများတဲ့အတွက် ခရီးသွားခြင်းကို ပျော်စရာတစ်ခုလို့ သတ်မှတ်ကြတာပါ။ ကျွန်တော့်မှာတော့ နောက်ထပ်ဘယ်တော့မှ မကြုံချင်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ကြောက်စရာအတွေ့အကြုံတွေကို မိတ်ဆွေတို့ရှောင်ကြဉ်နိုင်စေဖို့ ဝေမျှပေးချင်ပါတယ်။ Camden Town (London) ကို သွားရင်… Pink Floyd နဲ့ The Doors စတဲ့အဖွဲ့တွေကစလို့ Madness, Blur, Amy Winehouse စတဲ့ အဆိုတော်တွေအထိ live show တွေ ကျင်းပလေ့ရှိတဲ့ Camden Town က လန်ဒန်မှာနာမည်ကြီးတဲ့ နေရာတစ်ခုပါ။ နာမည်ကျော်တွေရဲ့အနုပညာတွေကို ခံစားချင်ခံစား ဒါမှမဟုတ် တခြား နာမည်ကြီးနေရာတွေဖြစ်တဲ့ The Roundhouse, Dingwalls နဲ့ […]

Read More

ပျားရည်ဆမ်းခရီးအဖြစ် သွားသင့်တဲ့ အာရှရဲ့ ရိုမန်တစ်ဆန်တဲ့နေရာတွေ

ကမ္ဘာ့အကြီးဆုံးတိုက်ကြီးတစ်ခုဖြစ်တဲ့ အာရှတိုက်ဟာ စိတ်ကူးယဉ်ဖွယ် အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ကမ္ဘာ့အမြင့်မားဆုံးတောင်တန်းကြီးတွေ၊ ဖြူလွှလွှ သဲသောင်ပြင်ကမ်းခြေတွေ၊ အခြောက်သွေ့ဆုံး ကန္တာရတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီအရာတွေထဲမှာမှ ပင်လယ်ကမ်းခြေတွေက ကြင်စဦးမောင်နှံတွေအတွက် ပျားရည်ဆမ်းခရီးသွားဖို့ ဆွဲဆောင်မှုအရှိဆုံးနေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေရဲ့ ပျားရည်ဆမ်းခရီးစဉ်အတွက် သွားသင့်တဲ့နေရာ (၁၀) ခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။   ၁။ ထိုင်းနိုင်ငံမှ ဖူးခတ်ကမ်းခြေ Credit : www.tripzilla.com ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဖြစ်တဲ့ ဖူးခတ်ကမ်းခြေဟာ ပျားရည်ဆမ်းခရီး ထွက်ချင်သူတွေအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ ဇိမ်ခံဟိုတယ်ကြီးတွေ၊ စည်းချက်ညီညာနေတဲ့ ညခင်းတွေ၊ ရိုမန်တစ်ဆန်တဲ့ နေဝင်ဆည်းဆာအလှတွေ ရင်ခုန်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေနှင့် အကောင်းဆုံးပင်လယ်စာတွေ ရရှိနိုင်မယ့် နေရာကတော့ ဖူးခတ်ပါပဲ။   ၂။ မော်လ်ဒိုက်ကျွန်းစုများ Credit : www.tripzilla.com […]

Read More
similan-islands-boats-moored-andaman-sea-thailand

၂၀၁၆ ခုနှစ်မှာ လည်ပတ်သင့်တဲ့ အာရှက အလှဆုံး ကျွန်း ၁၅ ခု

ကြည်လဲ့လဲ့ရေ၊ ဖြူလွလွသဲသောင်ပြင်၊ အုန်းပင်နဲ့ တောင်ကုန်းစိမ်းတွေ၊ ရေလှိုင်းစီးတဲ့နေရာတွေနဲ့ အံ့သြဖို့ ကောင်းတဲ့ ရေအောက်ကမ္ဘာတွေရှိနေတဲ့ အာရှတိုက်က လှပတဲ့ကျွန်းတွေကို နတ်ပြည်နဲ့ တောင် တင်စားနိုင်ပါတယ်။ အနားယူဖို့ နဲ့ မြို့ ပြရဲ့ ရှုပ်ထွေးမှုတွေက ရုန်းထွက်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အာရှတိုက်က အလှဆုံး ကျွန်း ၁၅ ကျွန်းကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဆီမီလန် ကျွန်း၊ ထိုင်းနိုင်ငံ (Similan Islands, Thailand) ကျွန်းစု ၉ ခုနဲ့ ဖွဲ့ စည်းထားတဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းက အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဆီမီလန်ကျွန်းကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကြည်လင်နေတဲ့ ရေကတော့ ရေငုပ်သမားတွေနဲ့ ရေအောက်ရှုခင်းကြည့်သူတွေရဲ့ အကြိုက်ဖြစ်စေမှာပါ။ ရေအောက်မှာ မီတာ ၂၀ […]

Read More