Category: Singapore

restaurant

ကမ္ဘာပေါ်က အကောင်းဆုံးရှုခင်းတွေ ပိုင်ဆိုင်တဲ့ အကောင်းဆုံး ဘားများ

  ကမ္ဘာတစ်ခွင်က အကောင်းဆုံး ရှုခင်းရှိတဲ့ ဘားတွေကို ရှာဖွေရာမှာ ဥရောပကနေ အရှေ့အလယ်ပိုင်း၊ အမေရိက နဲ့ အာရှဒေသ က နေရာတော်တော်များများရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တာကတော့ အောက်ပါ ဘား (၅)ခုဘဲဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းနိုင်ငံ ၊ မြို့ပြင်က ဘား၊ Jumeirah Beach Hotel ရဲ့ ဘား ဒီလှပတဲ့ ဟိုတယ် ရဲ့ ၂၄ထပ်မှာ ရှိတဲ့ မြို့ပြင်က ဘားလေး ဟာ ဒူဘိုင်းမြို့ ရဲ့ အဆောက်အဦး တွေရဲ့ ကောင်းကင်မြင်ကွင်း ကိုပေးစွမ်းနိုင်ပြီး အာရေဘီယမ် ပင်လယ်နဲ့ အနီးနားက သဲကန္တာရ ကို ကြည့်ရှုနိုင်ပါတယ်။ သူတို့ဆီမှာ ရနိုင်တဲ့ ယမကာ စာရင်းမှာ အစားစားချင်စိတ်ကို နှိုးဆွပေးတဲ့ ဟင်းလျာတွေ […]

Read More

Singaporeအပျော်ခရီးအတွက်စိတ်ကူးများ:မိတ်ဆွေတို့ဘ၀မှာလုပ်နိုင်လိမ့်မယ်လို့ တစ်ခါမှမတွေးထားဖူးတဲ့ ပျော်စရာများ

Singaporeကိုခဏခဏရောက်ဖူးလို့ ပျော်စရာတွေကုန်သွားပြီလို့ထင်နေပါသလား။ထပ်ပြီးစဉ်းစားကြပါစို့။Singapore နိုင်ငံက သေးသေးလေးပါ။ဒါပေမယ့်ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့်လျှို့ဝှက်ချက်တွေကတော့အပြည့်ပါဘဲ။မိတ်ဆွေတို့တစ်ခါမှမတွေးထားဖူးတဲ့နေရာတွေနဲ့အစီအစဉ်တွေရှိပါသေးတယ်။အဲ့ဒါတွေကိုတော့ကျွန်တော့်ရဲ့အခုဆောင်းပါးမှာဖော်ပြပေးသွားမှာပါ။ဒီဆောင်းပါးကိုဖတ်ပြီးနေရာတွေကိုထပ် သွားပြီး ဘယ်လိုပျော်စရာကောင်းတာတွေကိုခံစားရင်း မိတ်ဆွေတို့ရဲ့ခရီးစဉ်ကိုကုန်ဆုံး မလဲဆိုတာ ဆုံးဖြတ်နိုင် လိမ့် မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ လမုတောထဲမှာလှေစီးမယ်။ Singapore မှာ လမုပင်တွေပေါက်တဲ့စိမ့်တောတွေရှိတယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် အဲ့ဒီ့တောတွေထဲမှာ လှေစီးလို့ရတယ်ဆိုတာတော့ သိကြမှာမဟုတ်ပါဘူး။ Bedok တမံနဲ့ Pulau Ubin ကလမုပင်တွေအောက်မှာလှေစီးတာနဲ့မတူပါဘူး။ တောထူထပ်ပြီးလူသူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်ကိုသွားလည်ရသလိုပါဘဲ။ အခုမှစသွားမယ့်မိတ်ဆွေတွေကိုတော့၎နာရီခရီးကိုစာရင်းပေးဖို့အကြံပေးချင်ပါတယ်။ လွတ်လွတ်လပ်လပ်စွန့်စားချင်သူတွေကတော့ Pulau Ubin မြောက်ဘက် ကနေစပြီး တောင်ဘက်ထိရောက်တဲ့ Ubin Bisect Kayaking မှာစာရင်းပေးပါ။ လမုတောထဲမှာလှေစီးခြင်းကမိတ်ဆွေတို့ရဲ့ခရီးစဉ်ထဲမှာ ပါဝင်သင့်တဲ့အရာတစ်ခုပါ။ လမုတောထဲက Pasir Ris တံတားပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်ကြ မယ်။ ရေထဲကမသွားချင်သူတွေ ပိုက်ဆံများများမကုန်ချင်သူတွေကတော့ လမုတောထဲက တံတားပေါ်မှာလမ်းလျှောက်လို့ရပါတယ်။ ဒီသစ်သားတံတားကတော့ Pasir Ris ဥယျာဉ်ထဲက ၆ဟက်တာ […]

Read More

ခရီးသွားတိုင်း လည်ပတ်သင့်တဲ့ စင်္ကာပူနိုင်ငံက အထူးခြားဆုံး နေရာ (၅)ခု

စင်္ကာပူနိုင်ငံရောက်ရင် ဘယ်နေရာကစပြီး လည်သင့်လဲ မသိဘဲ ဖြစ်နေသလား။ သင် စိတ်မပူပါနဲ့။ စင်္ကာပူမှာ ဒေသခံတစ်ယောက်လို လည်ပတ်နိုင်ဖို့ နေရာ (၅)နေရာကို အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ နဲ့ (၁)နေရာ ချင်းစီရဲ့ တည်းနိုင်တဲ့ ဟိုတယ်တွေပါ ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ Bugis District တည်းခိုဖို့နေရာ။ Mercure Singapore Bugis Bugis ဆိုတာကတော့ စင်္ကာပူနိုင်ငံ ရဲ့ နောက်ဆုံးပေါ် ဖက်ရှင်တွေကို ကြိုက်သူတွေအတွက် နေရာလေးလို့ ဆိုနိုင်တယ်။ Bugis လမ်းမှာ ဈေးသက်သာပြီး ဖက်ရှင်ကျတဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေကို မွှေနှောက် ၀ယ်ယူနိုင်ပြီး Haji Lane မှာ ရှိတဲ့ များပြားလှတဲ့ ကော်ဖီဆိုင်တွေကိုလည်း လည်ပတ်နိုင်တယ်လေ။ ၂၄ နာရီ လုံး ဖွင့်တဲ့ […]

Read More

တစ်သက်တာမမေ့နိုင်စရာ ရှုခင်းလှလှတွေဝန်းရံထားတဲ့ အံ့ဖွယ်စားသောက်ဆိုင်(၁၈) ခု

အခုဖော်ပြပေးမယ့် စားသောက်ဆိုင်တွေကတော့ ဟိုး…..ကောင်းကင်ထက်ကနေ ရေအောက်ပင်လယ်ပြင်အထိ အမြဲအမှတ်ရနေစေမယ့် ပတ်ဝန်းကျင်မှာတည်ရှိပြီး လာရောက်စားသုံးသူတွေကို ကြည်နူးမှုတွေပေးစွမ်းမှာ အသေအချာပါဘဲ။ အတိတ်ကသမိုင်းဝင်နေရာတွေဆီပြန်သွားမလား….။ မျက်စိတစ်ဆုံး ရှုခင်းတွေကို ငေးကြည့်ချင်လား….။ ဒီဆိုင်တွေက အမှတ်တရတွေကိုဖန်တီးပေးမယ့်အပြင် နောက်တစ်ခါ မလာဘဲမနေနိုင်အောင် ဆွဲဆောင်နေမှာပါ။ 1 Luxury Ferris Wheel Sky Dining @ The Singapore Flyer- Singapore ဒီစားသောက်ဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးဖြစ်တဲ့ Singpore Flyer ရဲ့ ၁၆၅မီတာ (၅၄၁ပေ) အမြင့်မှာ တည်ရှိပါတယ်။ Marina Bay ရဲ့အလှကို ကောင်းကင်ယံကနေ ရှုစားနိုင်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားရဲ့ မြင်ကွင်းတွေကိုလည်း အဝေးကလှမ်းမြင်ရမှာပါ။ ဝေဟင်ထက်မှာ စားသုံးနိုင်မယ့်အပြင် ဟင်းလျာတွေကို စနစ်တကျ ဘီးတပ်ထားတဲ့စင်တွေနဲ့ သယ်ဆောင်လာပေးတဲ့စနစ်ကိုလည်း […]

Read More
camden-town-london

ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဆိုးရွားဆုံး ခရီးသွားအတွေ့အကြုံများ

ခရီးသွားရတာ အမြဲတမ်းပျော်စရာတွေချည်းဘဲမဟုတ်ပါဘူး။ တစ်ခါတစ်လေဆို ကြောက်စရာကောင်းတာတွေလည်း တွေ့ကြုံရတတ်ပါတယ်။ ဒါပေမယ့် ပျော်စရာတွေကပိုများတဲ့အတွက် ခရီးသွားခြင်းကို ပျော်စရာတစ်ခုလို့ သတ်မှတ်ကြတာပါ။ ကျွန်တော့်မှာတော့ နောက်ထပ်ဘယ်တော့မှ မကြုံချင်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ကြောက်စရာအတွေ့အကြုံတွေကို မိတ်ဆွေတို့ရှောင်ကြဉ်နိုင်စေဖို့ ဝေမျှပေးချင်ပါတယ်။ Camden Town (London) ကို သွားရင်… Pink Floyd နဲ့ The Doors စတဲ့အဖွဲ့တွေကစလို့ Madness, Blur, Amy Winehouse စတဲ့ အဆိုတော်တွေအထိ live show တွေ ကျင်းပလေ့ရှိတဲ့ Camden Town က လန်ဒန်မှာနာမည်ကြီးတဲ့ နေရာတစ်ခုပါ။ နာမည်ကျော်တွေရဲ့အနုပညာတွေကို ခံစားချင်ခံစား ဒါမှမဟုတ် တခြား နာမည်ကြီးနေရာတွေဖြစ်တဲ့ The Roundhouse, Dingwalls နဲ့ […]

Read More
bagan

Asia ရဲ့ လူကြိုက်အများဆုံး မြို့ ၁၀ မြို့ 

ကမ္ဘာလှည့်ခရီးသွားတွေအတွက် Asia ရဲ့  လူကြိုက်အများဆုံး မြို့ ၁၀ မြို့ ကိုဖော်ပြပေးလိုက်ပါတယ်။ ၁၀။ ဟိုချီမင်းမြို့  ဗီယက်နမ်နိုင်ငံက ဟိုချီမင်း ဒါမှမဟုတ် ဆိုင်ဂုံမြို့ မှာ ပျော်စရာတွေများလာတာကို လူတိုင်းနီးပါးလက်ခံလာကြပါတယ်။ ဒါ့အပြင် ဟိုချီမင်းမြို့ မှာ ဗီယက်နမ်နိုင်ငံရဲ့ အကောင်းဆုံးဟင်းလျာတွေ ရရှိနိုင်တယ်လို့ လည်းဆိုပါတယ်။ အစားအသောက် စုံစုံလင်လင်ရွေးချယ်စားသောက်ချင်ရင်တော့ ခရိုင် ၁ က Cuc Gach Quan ဆိုတဲ့ ကိုလိုနီအိမ်ဂေဟာပုံစံ မွမ်းမံပြင်ဆင်ထားတဲ့ဆိုင်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ခေတ်မီမီ လူငယ်ဆန်ဆန် ပုံစံကြိုက်ရင်တော့ L’Usine လို့ ခေါ်တဲ့ ကော်ဖီဆိုင်နဲ့ ဒီဇိုင်နာဖက်ရှင်တွဲဖွင့်ထားတဲ့ဆိုင် ကိုသွားရောက်နိုင်ပါတယ်။ ဟိုချီမင်းမြို့ က တန်ဖိုးအမြင့်ဆုံး မြို့ ငါးမြို့ စာရင်းဝင်ထားပြီး ငွေသုံးဖို့ နေရာတွေလည်း အများအပြားရှိနေပါတယ်။ […]

Read More
singapore

Singapore ရောက်ရင်မလွတ်တမ်းသွားသင့်တဲ့နေရာ (၁၀)ခု

Singapore နိုင်ငံရဲ့ ၀င်ငွေအများစုကို ခရီးသွားလုပ်ငန်းကရတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ Singapore ရဲ့နေရာ တော်တော်များများက ခရီးသွားတွေကို ဆွဲဆောင်နိုင်တယ်လေ။ ကျွန်တော်အခု Singapore လို့ပြောလိုက်တာနဲ့ မျက်စိထဲမြင်ယောင်လာတဲ့အထိ ကျော်ကြားတဲ့ နေရာ (၁၀)ခုကို ပြောပြပေးချင်ပါတယ်။ Raffels Hotel ရေကူးကန်ပါပြီး အဆင့်မြင့်တဲ့ Hotel တစ်ခုဖြစ်တယ်။ ၁၈၈၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရဲ့မှတ်ကျောက်တစ်ခုဖြစ်ပါတယ်။ ၀ရံတာမပါတဲ့ ခေတ်ဟောင်းပုံစံ နီညိုရောင် အမိုးနဲ့  ခမ်းနားတဲ့အဆောက်အဦးဖြူဖြူကြီးကို တွေ့ ရင် Raffels Hotel လို့သာမှတ်လိုက်ပါ။ Hotel ပတ်ပတ်လည်မှာ ရိုးရာဒီဇိုင်းတွေ အပူပိုင်း အပင်တွေနဲ့ လှပအောင် အလှဆင်ထားတယ်။ Hotel အဆောက်အဦးရဲ့နောက်မှာ လေညှင်းခံရင်း အရသာရှိတဲ့ Italian အစားအစာတွေကို လွတ်လွတ်လပ်လပ် သုံဆောင်နိုင်မယ့် […]

Read More