Category: Philippines

Philippines က Romantic အဖြစ်ဆုံး Sunset ကြည့်ရှုရာ နေရာ (၁၁) ခု

ကိုယ့်အတွက်အရေးပါဆုံးသူနဲ့ အတူတူကြည့်ရှုခံစားနိုင်မယ့် Philippines က Romantic အဖြစ်ဆုံး Sunset ကြည့်ရှုရာ နေရာ (၁၁) ခု Philippines နိုင်ငံက Romantic အဖြစ်ဆုံး sunset ရှုခင်းတွေကို ကိုယ်အချစ်ရဆုံးသူရဲ့ ရင်ခွင်ထဲကနေ ကြည့်ရှုရင်း သင့်ရဲ့တစ်နေ့တာကို အလှပဆုံးအဆုံးသတ်လိုက်ပါ။ နေ၀င်ဆည်းဆာရှုခင်းတွေက တစ်နေ့တာရဲ့အကောင်းဆုံး ရှုခင်းတွေပါ။ ဘာလို့လဲဆိုရင် အဲ့ဒီ့ရှုခင်းတွေက မိမိ တစ်နေ့တာမှာဆောင် ရွက်ခဲ့တဲ့အပြုအမှုတွေ၊လုပ်ငန်းတွေကို ပြန်လည်မှတ်မိစေပြီး နောက်တစ်နေ့အတွက် မကောင်းတာတွေကို ပယ်ဖျက်ပြီး ပိုကောင်းတဲ့ အရာတွေဖန်တီးနိုင်ဖို့ အခွင့်အရေးကိုပေးစွမ်းလို့ပါ။ ဒါ့အပြင် အဲ့ဒီ့ရှုခင်းတွေကို ကိုယ်အချစ်ရဆုံးသူနဲ့ ကြည့်ရှုခံစားတဲ့အခါ ပိုအသက်ဝင်ပြီးတန်ဖိုးပိုရှိလာမှာပါ။ Philippines နိုင်ငံတစ်ဝှမ်းက အကောင်းဆုံး sunset ရှုခင်းတွေကို ရှာဖွေဖို့ အဆင်သင့်ဖြစ်ပြီလား….။ Bangui, Ilocos Norte Image credit: Jhay […]

Read More

ကမ္ဘာပေါ်က သရဲအခြောက်ဆုံး နေရာ (၆) ခု

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ ကြီးမားကျယ်ပြန့်ပြီး အလှအပတွေ၊ စွန့်စားစရာတွေ၊ ကောင်းခြင်းသုခတွေနဲ့ပြည့်စုံနေတဲ့ ဆန်းကြယ် တဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ သမိုင်းအချို့ကတော့မလှပခဲ့ပါဘူး။ ကျွန်တော် တို့ရဲ့နောက် ထပ်ခရီးစဉ်တစ်ခုအတွက် စိတ်လှုပ်ရှား စရာနေရာတွေ ကတော့ ကြောက်စရာဒဏာရီတွေ၊ ခြောက်လှန့်မှုတွေနဲ့ အထောက် အထားမရှိတဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေရှိတဲ့ နေရာတွေပဲဖြစ်ပါတယ်။ သဘာဝ လွန်ဖြစ်ရပ်တွေကို ယုံလေ့မရှိတဲ့သူတွေတောင် အဲ့ဒီနေရာတွေ ကပြန်လာတဲ့အခါ သူတို့ရဲ့အယူအဆတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်တို့ အာမခံ ပါတယ်။ ဒီနေရာတွေကတော့ ကမ္ဘာပေါ်ကသရဲအခြောက်ဆုံးနေရာတွေပါပဲ။ 1. Aokigahara- “Suicide Forest” Tokyo, Japan Fuji တောင်နဲ့ကပ် လျက်မှာတည်ရှိတဲ့ အုံ့မှိုင်းနေတဲ့ Aokigahara တောနက်ကြီးထဲက ထူထပ်နေတဲ့ ချုံတွေကြားမှာ ကိုယ့်ကိုယ် ကိုသက်သေ တဲ့ပြစ်မှုတွေ တစ်နှစ်ကို အမှု(၁၀၀) […]

Read More

သင့်ရဲ့ သဲကန္တာရ အသေးစား စွန့်စားခန်းအတွက် သဲသောင်ပြင် ၅ ခု

ဆာဟာရာ ကို မေ့လိုက်ပါ။ အာရှမှာတင် သင် တွေ့ကြုံနိုင်တဲ့ သဲသောင်ပြင်နဲ့ သဲကန္တာရပုံစံတွေ ရှိပါတယ်။ သဲသောင်ပြင်တွေဆီ သွားလည်ဖို့ စိတ်ကူးဟာ စင်္ကာပူမြို့ရဲ့ အဲယားကွန်းနဲ့ သက်သောင့်သက်သာ ရှိနေမှု ကနေ ဝေးကွာတဲ့ ပူပြင်းတဲ့ နေနဲ့ အထီးကျန်တဲ့ သဲကန္တာရ ဆီ ကို ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် အာရှမှာတင် စွန်းမိုက်တဲ့ သဲသောင်ပြင်တွေ ရှိတာ သင်သိပါသလား။ သူတို့က အာဖရိက က ဆာဟာရာ (ဒါမှမဟုတ်) ဂိုဘီ သဲကန္တာရ လောက် နာမည်မကြီးပေမယ့် သွားလာရလွယ်ကူပါတယ်။ ယခု ကျွန်တော်ဖော်ပြမှာကတော့ မြို့ပြကနေ သိပ်မဝေးဘဲ သင် သွားနိုင်တဲ့ အာရှက သဲသောင်ပြင် ၆ ခုပါဘဲ။ သေချာတာကတော့ သင် အပူဒဏ်ကနေ ထွက်ပြေးလို့မရဘူးဆိုတာဘဲ။ […]

Read More
rebak-island

အရှေ့တောင်အာရှရဲ့ စိတ်ကူးယဉ်အဆန်ဆုံး အပန်းဖြေနေရာ (၉)ခု

1 Song Saa Private Island, Cambodia Cambodia နိုင်ငံ Koh Rong ကျွန်းစုတွေတည်ရှိရာ ပင်လယ်ပြာပြာကြီးထဲမှာ  Koh Quen နဲ့ Koh Bong ကျွန်းနှစ်ကျွန်းကလဲ ဘေးချင်းယှဉ်လျက် လှလှပပ ရှိနေပါတယ်။ အဲ့ဒီ့ကျွန်းနှစ်ကျွန်းကို ဒေသခံတွေက “Song Saa” လို့ခေါ်ကြတယ်။ ခမာအခေါ်အရဆိုရင် “ချစ်သူများကျွန်း” လို့အဓိပ္ပါယ်ရပါတယ်။ Song Saa Private Island ကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ကျွန်းပေါ်က အပန်းဖြေဟိုတယ် တစ်ခုပဲဖြစ်ပါတယ်။ ပင်လယ်ထဲက သယံဇာတတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ပင်လယ်ပြင်ဘက်မှာ အပန်းဖြေအိမ်နည်းနည်းဘဲ ထားရှိပါတယ်။  အပန်းဖြေဟိုတယ်မှာနေပြီး လှပတဲ့ပင်လယ်ပြင်အလှကို အိပ်ရာထဲကနေ လဲလျောင်း ခံစားရင်း အေးအေးဆေးဆေးအနားယူနိုင်ပါတယ် ။ အိပ်ခန်းထဲမှာအနားယူရတာ ပျင်းလာပြီဆိုရင်တော့ နေထွက်ချိန်မှာ […]

Read More

တစ်သက်တာမမေ့နိုင်စရာ ရှုခင်းလှလှတွေဝန်းရံထားတဲ့ အံ့ဖွယ်စားသောက်ဆိုင်(၁၈) ခု

အခုဖော်ပြပေးမယ့် စားသောက်ဆိုင်တွေကတော့ ဟိုး…..ကောင်းကင်ထက်ကနေ ရေအောက်ပင်လယ်ပြင်အထိ အမြဲအမှတ်ရနေစေမယ့် ပတ်ဝန်းကျင်မှာတည်ရှိပြီး လာရောက်စားသုံးသူတွေကို ကြည်နူးမှုတွေပေးစွမ်းမှာ အသေအချာပါဘဲ။ အတိတ်ကသမိုင်းဝင်နေရာတွေဆီပြန်သွားမလား….။ မျက်စိတစ်ဆုံး ရှုခင်းတွေကို ငေးကြည့်ချင်လား….။ ဒီဆိုင်တွေက အမှတ်တရတွေကိုဖန်တီးပေးမယ့်အပြင် နောက်တစ်ခါ မလာဘဲမနေနိုင်အောင် ဆွဲဆောင်နေမှာပါ။ 1 Luxury Ferris Wheel Sky Dining @ The Singapore Flyer- Singapore ဒီစားသောက်ဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးဖြစ်တဲ့ Singpore Flyer ရဲ့ ၁၆၅မီတာ (၅၄၁ပေ) အမြင့်မှာ တည်ရှိပါတယ်။ Marina Bay ရဲ့အလှကို ကောင်းကင်ယံကနေ ရှုစားနိုင်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားရဲ့ မြင်ကွင်းတွေကိုလည်း အဝေးကလှမ်းမြင်ရမှာပါ။ ဝေဟင်ထက်မှာ စားသုံးနိုင်မယ့်အပြင် ဟင်းလျာတွေကို စနစ်တကျ ဘီးတပ်ထားတဲ့စင်တွေနဲ့ သယ်ဆောင်လာပေးတဲ့စနစ်ကိုလည်း […]

Read More

ပျားရည်ဆမ်းခရီးအဖြစ် သွားသင့်တဲ့ အာရှရဲ့ ရိုမန်တစ်ဆန်တဲ့နေရာတွေ

ကမ္ဘာ့အကြီးဆုံးတိုက်ကြီးတစ်ခုဖြစ်တဲ့ အာရှတိုက်ဟာ စိတ်ကူးယဉ်ဖွယ် အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ကမ္ဘာ့အမြင့်မားဆုံးတောင်တန်းကြီးတွေ၊ ဖြူလွှလွှ သဲသောင်ပြင်ကမ်းခြေတွေ၊ အခြောက်သွေ့ဆုံး ကန္တာရတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီအရာတွေထဲမှာမှ ပင်လယ်ကမ်းခြေတွေက ကြင်စဦးမောင်နှံတွေအတွက် ပျားရည်ဆမ်းခရီးသွားဖို့ ဆွဲဆောင်မှုအရှိဆုံးနေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေရဲ့ ပျားရည်ဆမ်းခရီးစဉ်အတွက် သွားသင့်တဲ့နေရာ (၁၀) ခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။   ၁။ ထိုင်းနိုင်ငံမှ ဖူးခတ်ကမ်းခြေ Credit : www.tripzilla.com ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဖြစ်တဲ့ ဖူးခတ်ကမ်းခြေဟာ ပျားရည်ဆမ်းခရီး ထွက်ချင်သူတွေအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ ဇိမ်ခံဟိုတယ်ကြီးတွေ၊ စည်းချက်ညီညာနေတဲ့ ညခင်းတွေ၊ ရိုမန်တစ်ဆန်တဲ့ နေဝင်ဆည်းဆာအလှတွေ ရင်ခုန်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေနှင့် အကောင်းဆုံးပင်လယ်စာတွေ ရရှိနိုင်မယ့် နေရာကတော့ ဖူးခတ်ပါပဲ။   ၂။ မော်လ်ဒိုက်ကျွန်းစုများ Credit : www.tripzilla.com […]

Read More
waterfalls-southeast-asia-5

ကျွန်တော်အကြိုက်ဆုံး ရေတံခွန် (၇) ခု

ကျွန်တော့်ရဲ့ အရှေ့တောင်အာရှခရီးစဉ်တစ်လျှောက်မှာ ထူးခြားတဲ့နေရာတွေနဲ့ သဘာဝတရားရဲ့ စစ်မှန်တဲ့ အလှတရားတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အဲ့ဒီ့ထဲက ထင်ရှားတဲ့ သဘာဝအလှတရားတွေကတော့ ရေတံခွန်တွေပါ။ ရေတံခွန်ဆိုတာ သဘာဝအလှတရားတွေ ပေါင်းစုံထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံ သာယာတဲ့ သံစဉ်လေးတွေပေးစွမ်းတယ်။ တစ်ခါတစ်ရံ မပျက်စီးသေးတဲ့ သယံဇာတတွေကို တွေ့ရပြီး တစ်ခါတစ်ရံ စိတ်ကြည်နူးဖွယ်ရသကို ပေးစွမ်းပါတယ်။ ကြည်လင်နေတဲ့ရေတွေက ကျောက်ဆောင်တွေကိုဖြတ်စီးပြီး ရေကန်ထဲကို စီးကျလာတယ်။ တစ်ခါတစ်လေ ရေစီးသန်ပြီး ရေကျသံတွေက ကျယ်လောင်ကာ တုန်လှုပ်ဖွယ်ကောင်းတယ်။ တချို့မိတ်ဆွေတွေက ကျွန်တော့်ကို ရေတံခွန်တွေဆီ သွားလည်ရတာ မငြီးငွေ့ဘူးလားလို့မေးကြတယ်။ ကျွန်တော်ကတော့ မငြီးငွေ့ပါဘူး။ ရေတံခွန်တွေရဲ့အလှကိုမြင်ရတာ စိတ်ကြည်နူးဖို့ကောင်းပါတယ်။ ဘယ်နှခါမြင်ရမြင်ရ ရိုးတယ်လို့ကိုမရှိပါဘူး။ အခုဆောင်းပါးမှာတော့ ကျွန်တော်ရောက်ခဲ့တဲ့ ရေတံခွန်တွေထဲက ကျွန်တော်အကြိုက်ဆုံး (၇)ခုအကြောင်းကို ဝေမျှပေးချင်ပါတယ်။   Erawan Falls, Kanchanaburi- […]

Read More
similan-islands-boats-moored-andaman-sea-thailand

၂၀၁၆ ခုနှစ်မှာ လည်ပတ်သင့်တဲ့ အာရှက အလှဆုံး ကျွန်း ၁၅ ခု

ကြည်လဲ့လဲ့ရေ၊ ဖြူလွလွသဲသောင်ပြင်၊ အုန်းပင်နဲ့ တောင်ကုန်းစိမ်းတွေ၊ ရေလှိုင်းစီးတဲ့နေရာတွေနဲ့ အံ့သြဖို့ ကောင်းတဲ့ ရေအောက်ကမ္ဘာတွေရှိနေတဲ့ အာရှတိုက်က လှပတဲ့ကျွန်းတွေကို နတ်ပြည်နဲ့ တောင် တင်စားနိုင်ပါတယ်။ အနားယူဖို့ နဲ့ မြို့ ပြရဲ့ ရှုပ်ထွေးမှုတွေက ရုန်းထွက်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အာရှတိုက်က အလှဆုံး ကျွန်း ၁၅ ကျွန်းကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဆီမီလန် ကျွန်း၊ ထိုင်းနိုင်ငံ (Similan Islands, Thailand) ကျွန်းစု ၉ ခုနဲ့ ဖွဲ့ စည်းထားတဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းက အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဆီမီလန်ကျွန်းကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကြည်လင်နေတဲ့ ရေကတော့ ရေငုပ်သမားတွေနဲ့ ရေအောက်ရှုခင်းကြည့်သူတွေရဲ့ အကြိုက်ဖြစ်စေမှာပါ။ ရေအောက်မှာ မီတာ ၂၀ […]

Read More

ဖိလစ်ပိုင်နိုင်ငံရဲ့ Angeles မြို့ကိုသွားလည်သင့်တဲ့ တစ်ခုတည်းသောအကြောင်းအရင်း

ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော် Angeles မြို့ကိုသွားလည်တုန်းက နည်းနည်းတော့စိတ်ရှုပ်ခဲ့ရတယ်ဆိုတာပါဘဲ။ Angeles မြို့ဆိုတာ Angel တွေရဲ့မြို့တော်လို့တောင် ပြောလို့ရပါတယ်။ အငြိမ်းစားယူထားတဲ့သူတွေ အပန်းပြေစေဖို့ Angel တွေနဲ့ဆွဲဆောင်ထားတယ်။ ဒီမြို့အကြောင်းကိုတော့ အသေးစိတ်ပြောမနေတော့ပါဘူး။ Google မှာရှာလိုက်တာနဲ့ ကျွန်တော်ဘာကိုဆိုလိုချင်သလဲဆိုတာ သိကြမှာပါ။ တချို့ဓါတ်ပုံတွေက လူရှေ့မှာကြည့်ဖို့ မသင့်တော်လို့  အလုပ်မှာတော့ ရှာမကြည့်ကြပါနဲ့။ ၂၀၁၁ လောက်က ကျွန်တော့်သူငယ်ချင်းနဲ့ Angeles မြို့ကိုသွားခဲ့တယ်။ ရောက်ရောက်ချင်းတော့ မြင်ရတွေ့ရတာတွေက စိတ်ရှုပ်စရာတွေချည်းပါဘဲ။ နောက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ “Angeles City Flying Club” ကိုတွေ့ခဲ့တယ်။ Angeles City Flying Club ဆိုတာ အကျိုးအမြတ်မယူတဲ့ လေယာဉ်ငယ်မောင်းကလပ် ဖြစ်တယ်။   လေယာဉ်မောင်းသင်တန်းကျောင်းကိုလည်းတွဲဖွင့်ထားပါတယ်။ လေယာဉ်ငယ်ဆိုတာတော့ ၁ယောက်/၂ယောက်စာ ထိုင်ခုံမှာ တောင်ပံတပ်ထားတဲ့ […]

Read More