Category: Japan

bagan-myanmar

နှစ်သစ်ခရီး:၂၀၁၆ကိုကုန်ဆုံးဖို့အတွက်အကောင်းဆုံးနေရာများ

၂၀၁၇ကိုရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ပြီးတော့၂၀၁၆ ခုနှစ်ကုန်ဆုံးတော့မယ် ဆိုရင်ကောင်းတဲ့ အရာတွေကို  ပြုလုပ်ရင်းကုန်ဆုံးတာ ပိုကောင်းပါတယ်။Christmasကို လပြည့်ညပါတီတွေ နဲ့နှင်းလျှောစီး အပန်းဖြေစခန်းတွေမှာပဲကုန်ဆုံးပြီး အားလပ်ရပ်တွေကို မဖြုန်းတီးပစ်ပါနဲ့။ နှစ်သစ်ကိုကြိုဆိုဖို့အတွက် လှပတဲ့နေရာအချို့ Asia မှာရှိပါတယ်။ Great Wall of China, China ရှေးဦးကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး စံပြုလောက်တဲ့ အထင်ကရနေရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ Great Wall က လူသားတွေတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တံတိုင်းကြီးဖြစ်ပါတယ်။ Jinshanling ကနေ Simatai ကို တစ်ရက်တာ ခြေလျင်သွားခြင်းနဲ့ Bedaling ၀န်းကျင်မှာလည်ပတ်ခြင်းက Beijing ခရီးစဉ်မှာ မပါမဖြစ်ပါပဲ။ တံတိုင်းရဲ့ ပိုပြီး တိတ်ဆိတ်တဲ့နေရာကိုသွားချင်တယ်ဆိုရင်တော့ Gubeikou ကနေ Jinshanling ကိုသွားတဲ့လမ်းကြောင်းကို ရွေးချယ်ပါ။ မဟာတံတိုင်းကြီးက နှစ်သစ်ကိုကြိုဆိုဖို့ အကောင်းဆုံး အတွေ့အကြုံတွေသစ် […]

Read More
zero-waste-bar-recycling-kamikatz-public-house-japan

Japan နိုင်ငံမှာရှိတဲ့ Zero-Emissions Bar

Japan နိုင်ငံမှာရှိတဲ့ Zero-Emissions Bar က စွန့်ပစ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကမ္ဘာကြီးထဲမှာ ဖြုန်းတီးတဲ့လုပ်ရပ်တွေကို ရပ်တန့်သင့်ပါပြီ။ အဲ့လိုမှမဟုတ်ရင်တော့ လူသားတွေဟာ သိပ်မဝေးတော့တဲ့အနာဂတ်မှာ အန္တရာယ်ရှိတဲ့ပြဿနာတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။Japan နိုင်ငံ Kamikatsu မြို့မှာရှိတဲ့ Kamikatz Public House က စွန့်ပစ် ပစ္စည်းတွေ ကိုအသုံးပြုပြီး တည်ဆောက်ထားတာပါ။ အဲ့ဒီ့barနဲ့ သူတည်ရှိတဲ့ ဂျပန်မြို့လေးကနောင် အနာဂတ်မှာ သဘာဝပတ်ဝန်းကျင် လှပစွာဆက်လက်တည်ရှိနေဖို့ တစ်ဖက်တစ်လမ်းက ကူညီ လုပ်ဆောင်ပေးနေတာပါ။ Kamikatsuမြို့က လက်ရှိအချိန်ထိတစ်မြို့လုံးက စွန့်ပစ်အမှိုက်(၈၀%)က ပြန်လည်အသုံးချပြီးပါပြီ ။နောက်နှစ် အနည်းငယ် အတွင်းမှာစွန့်ပစ်ပစ္စည်း(၁၀၀%)  အပြည့်ပြန်လည် အသုံးချဖို့လည်း စီစဉ်ထားပါတယ်။ ဒီအဖျော်ယမကာကြိုက်သူတွေရဲ့ခိုလှုံရာအဖြစ် မွမ်းမံထားတဲ့ နောက်ကွယ်က ဗိသုကာပညာရှင်တွေဖြစ်တဲ့ Hiroshi Nakamura နဲ့ NAP က (၂၀၁၆) […]

Read More
Japan

ဆောင်းရာသီမှာ ဂျပန် နိုင်ငံကို သွားရောက်လည်ပတ်သင့် တဲ့ အကြောင်းရင်း (၆) ခု

ခရီးသွားကျွမ်းကျင်သူတွေက ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန် ဟာ နွေရာသီ နဲ့ ဆောင်းဦးရာသီ လို့ သင့်ကို ပြောကြပါလိမ့်မယ်။ အမှန်တကယ် ခရီးသွားဖို့ စိတ်အားထက်သန်သူတွေ ကတော့ ဆောင်းရာသီ ရဲ့ အချမ်းဒဏ်ကနေ လွတ်မြောက်ဖို့ အတွက် ဂျပန် အပါအ၀င် အရှေ့ဖျားဒေသ တွေကို သွားရောက်နေကြပါတယ်။ ဂျပန်နိုင်ငံက ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို ၁၉၇၂ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်တွေမှာ အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပခဲ့ပါတယ်။ ဆောင်းရာသီ မှာ ဂျပန် နိုင်ငံကို ဘာလို့ သွားရောက် လည်ပတ်သင့်တဲ့ အကြောင်းရင်း ၆ ခု ကို ဖော်ပြပါ့မယ်။ ၁။ Fuji-Q Highland မှာ စကိတ်စီးနိုင်ခြင်း နွေဦးရာသီ […]

Read More

ကမ္ဘာပေါ်က သရဲအခြောက်ဆုံး နေရာ (၆) ခု

ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ ကြီးမားကျယ်ပြန့်ပြီး အလှအပတွေ၊ စွန့်စားစရာတွေ၊ ကောင်းခြင်းသုခတွေနဲ့ပြည့်စုံနေတဲ့ ဆန်းကြယ် တဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ သမိုင်းအချို့ကတော့မလှပခဲ့ပါဘူး။ ကျွန်တော် တို့ရဲ့နောက် ထပ်ခရီးစဉ်တစ်ခုအတွက် စိတ်လှုပ်ရှား စရာနေရာတွေ ကတော့ ကြောက်စရာဒဏာရီတွေ၊ ခြောက်လှန့်မှုတွေနဲ့ အထောက် အထားမရှိတဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေရှိတဲ့ နေရာတွေပဲဖြစ်ပါတယ်။ သဘာဝ လွန်ဖြစ်ရပ်တွေကို ယုံလေ့မရှိတဲ့သူတွေတောင် အဲ့ဒီနေရာတွေ ကပြန်လာတဲ့အခါ သူတို့ရဲ့အယူအဆတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်တို့ အာမခံ ပါတယ်။ ဒီနေရာတွေကတော့ ကမ္ဘာပေါ်ကသရဲအခြောက်ဆုံးနေရာတွေပါပဲ။ 1. Aokigahara- “Suicide Forest” Tokyo, Japan Fuji တောင်နဲ့ကပ် လျက်မှာတည်ရှိတဲ့ အုံ့မှိုင်းနေတဲ့ Aokigahara တောနက်ကြီးထဲက ထူထပ်နေတဲ့ ချုံတွေကြားမှာ ကိုယ့်ကိုယ် ကိုသက်သေ တဲ့ပြစ်မှုတွေ တစ်နှစ်ကို အမှု(၁၀၀) […]

Read More

ကမ္ဘာပေါ်က အလှပဆုံး သင်္ချိုင်း (၅) ခု

  ဒီလိုကြောက် စရာကောင်းတဲ့ နေရာတွေကို ရှာဖွေရတဲ့  အကြောင်းအရင်းက Halloween ကြောင့်ဖြစ်ပေမယ့် ဒီနေရာတွေကလှပပြီး သွားရောက် လည်ပတ်သင့်တဲ့   နေရာတွေ ဖြစ်နေပါတယ်။ ခေတ်မီတိုးတက်  နေတဲ့ယနေ့ကမ္ဘာမှာ သေခြင်းတရားနဲ့ အလှအပဟာ ဘယ်လိုမှ လိုက်ဖက်မှု မရှိနိုင်ဘူးလို့ ကျွန်တော် တို့တွေးမိ တတ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က အလှပဆုံ သချိ င်္ုင်းတွေကို တွေ့ရှိပြီးတဲ့အခါမှာတော့ ကျွန်တော် တို့အတွေးတွေ   ပြောင်းလဲသွားမှာ အသေအချာပါပဲ။ အခုဖော်ပြမယ့် သချိ င်္ုင်း (၅) ခုဟာ မြေကွက်ဟင်းလင်းပြင်တွေပေါ်မှာ တည်ရှိတာမဟုတ်ဘဲ မျက်စိ ပသာဒဖြစ်ဖွယ် သဘာဝရှုခင်းတွေရှိရာ ငြိမ်းချမ်းတဲ့နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ အချို့က စိမ်းလန်းတဲ့ အရိပ်ရ သစ်ပင်ကြီးတွေ ၀န်းရံနေပြီး၊ အချို့ကတော့ ကျယ်ပြန့်တဲ့ သမုဒ္ဒရာရေပြင်ကျယ်ကြီးကို လှမ်းမြင်နိုင်တဲ့နေရာမှာ […]

Read More

သင့်ရဲ့ သဲကန္တာရ အသေးစား စွန့်စားခန်းအတွက် သဲသောင်ပြင် ၅ ခု

ဆာဟာရာ ကို မေ့လိုက်ပါ။ အာရှမှာတင် သင် တွေ့ကြုံနိုင်တဲ့ သဲသောင်ပြင်နဲ့ သဲကန္တာရပုံစံတွေ ရှိပါတယ်။ သဲသောင်ပြင်တွေဆီ သွားလည်ဖို့ စိတ်ကူးဟာ စင်္ကာပူမြို့ရဲ့ အဲယားကွန်းနဲ့ သက်သောင့်သက်သာ ရှိနေမှု ကနေ ဝေးကွာတဲ့ ပူပြင်းတဲ့ နေနဲ့ အထီးကျန်တဲ့ သဲကန္တာရ ဆီ ကို ခေါ်ဆောင်သွားမှာပါ။ ဒါပေမယ့် အာရှမှာတင် စွန်းမိုက်တဲ့ သဲသောင်ပြင်တွေ ရှိတာ သင်သိပါသလား။ သူတို့က အာဖရိက က ဆာဟာရာ (ဒါမှမဟုတ်) ဂိုဘီ သဲကန္တာရ လောက် နာမည်မကြီးပေမယ့် သွားလာရလွယ်ကူပါတယ်။ ယခု ကျွန်တော်ဖော်ပြမှာကတော့ မြို့ပြကနေ သိပ်မဝေးဘဲ သင် သွားနိုင်တဲ့ အာရှက သဲသောင်ပြင် ၆ ခုပါဘဲ။ သေချာတာကတော့ သင် အပူဒဏ်ကနေ ထွက်ပြေးလို့မရဘူးဆိုတာဘဲ။ […]

Read More
Meghalaya waterfall India

Asia ရဲ့ အလှပဆုံး လျှို့ဝှက်နေရာ (၁၀) ခု

လာမယ့်(၁၂)လအတွင်းအာရှရဲ့ဘယ်နေရာကိုသွားရမလဲဆိုတာဆုံးဖြတ်ရခက်နေပါသလား။LonelyPlanetသတင်းထောက်တွေက တောင်တွေကျော်၊ပင်လယ်တွေဖြတ်ပြီးရှာဖွေထားတဲ့စိတ်ဝင်စားဖွယ်နေရာတွေရှိပါတယ်။ကဲ….ဘယ်ကိုသွားမလဲဆိုတာဒီဆောင်းပါးကိုဖတ်ရင်း လေ့လာကြည့်ပါအုံး။ 1 Hokkaido, Japan © Seigo Yamamura/Aflo / Getty Images Hokkaido ရဲ့ အလှပဆုံး နှင်းတွေက နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် Hokkaido မှာရှိတဲ့ ဂျပန်နိုင်ငံမြောက်ဘက်ဆုံး ကျွန်းကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ခြေလျင်ဖြစ်ဖြစ်၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ဖြစ်ဖြစ် တက်နိုင်တဲ့ တောင်တန်းတွေ၊ လှပတဲ့ တောင်ပေါ်ရွာလေးတွေနဲ့ ဂဏန်း၊ ခရု၊ ကမာ စတဲ့ ပင်လယ်စာတွေလည်း ပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Hokkaido ရဲ့တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hakodate နဲ့ Tokyo ကို ကျည်ဆံရထားပြေးဆွဲ နေပြီဆိုတော့ အရင်ထက်အများကြီး သွားရလွယ်ကူသွားတာပေါ့။ ပြေးဆွဲနေတဲ့ ရထားကလည်း နာမည်ကျော် Japan […]

Read More
tokyo

တိုကျိုမှာ လုပ်ရမယ့် အံ့အားသင့်လောက်အောင် ဆန်းကြယ်တဲ့ အရာ (၇)ခု

တိုကျိုမှာ ဘာလုပ်ချင်လဲပြောကြည့်ပါ။ တိုကျိုကို ပျင်းစရာကောင်းပြီး ခန့်မှန်းရလွယ်ကူတယ်လို့ မပြောပါနဲ့။ မြို့ထဲမှာ လုပ်စရာ မကုန်ပါဘူး။ အထူးသဖြင့် တစ်မူထူးခြားတဲ့ သဘာဝနဲ့ ပျော်စရာကောင်းတဲ့ အစီအစဉ်တွေ၊ ဆန်းကြယ်ပြီး အရမ်းမိုက်တဲ့ အရာတွေ ရှိလာတဲ့အခါပေါ့။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက တော့ ဂျပန် နိုင်ငံရဲ့ မြို့တော် မှာ သင်တွေ့ကြုံရမယ့် အဆန်းကြယ်ဆုံးသော အတွေ့အကြုံတွေကို စုစည်းထားတာပါ။ ၁။ အမျိုးသမီး အစေခံ ပုံစံ ၀တ်ဆင်ပြီး ၀န်ဆောင်မှုပေးတဲ့ ကော်ဖီဆိုင် ကို သွားလည်ခြင်း ဂျပန်နိုင်ငံဟာ cosplay (၄င်းရဲ့ ပရိသတ်များက ၄င်းတို့နှစ်သက်သော ရုပ်ရှင်၊ တယ်လီဗေးရှင်း နဲ့ ဟာသစာအုပ်တွေက ဇာတ်ကောင်တွေအတိုင်း အပြင်မှာ ၀တ်ဆင်ခြင်း)ကို နှစ်ခြိုက်မှု နှင့်အတူ ၄င်း၏ ယဉ်ကျေးမှု […]

Read More
similan-islands-boats-moored-andaman-sea-thailand

၂၀၁၆ ခုနှစ်မှာ လည်ပတ်သင့်တဲ့ အာရှက အလှဆုံး ကျွန်း ၁၅ ခု

ကြည်လဲ့လဲ့ရေ၊ ဖြူလွလွသဲသောင်ပြင်၊ အုန်းပင်နဲ့ တောင်ကုန်းစိမ်းတွေ၊ ရေလှိုင်းစီးတဲ့နေရာတွေနဲ့ အံ့သြဖို့ ကောင်းတဲ့ ရေအောက်ကမ္ဘာတွေရှိနေတဲ့ အာရှတိုက်က လှပတဲ့ကျွန်းတွေကို နတ်ပြည်နဲ့ တောင် တင်စားနိုင်ပါတယ်။ အနားယူဖို့ နဲ့ မြို့ ပြရဲ့ ရှုပ်ထွေးမှုတွေက ရုန်းထွက်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အာရှတိုက်က အလှဆုံး ကျွန်း ၁၅ ကျွန်းကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဆီမီလန် ကျွန်း၊ ထိုင်းနိုင်ငံ (Similan Islands, Thailand) ကျွန်းစု ၉ ခုနဲ့ ဖွဲ့ စည်းထားတဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းက အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဆီမီလန်ကျွန်းကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကြည်လင်နေတဲ့ ရေကတော့ ရေငုပ်သမားတွေနဲ့ ရေအောက်ရှုခင်းကြည့်သူတွေရဲ့ အကြိုက်ဖြစ်စေမှာပါ။ ရေအောက်မှာ မီတာ ၂၀ […]

Read More
bagan

Asia ရဲ့ လူကြိုက်အများဆုံး မြို့ ၁၀ မြို့ 

ကမ္ဘာလှည့်ခရီးသွားတွေအတွက် Asia ရဲ့  လူကြိုက်အများဆုံး မြို့ ၁၀ မြို့ ကိုဖော်ပြပေးလိုက်ပါတယ်။ ၁၀။ ဟိုချီမင်းမြို့  ဗီယက်နမ်နိုင်ငံက ဟိုချီမင်း ဒါမှမဟုတ် ဆိုင်ဂုံမြို့ မှာ ပျော်စရာတွေများလာတာကို လူတိုင်းနီးပါးလက်ခံလာကြပါတယ်။ ဒါ့အပြင် ဟိုချီမင်းမြို့ မှာ ဗီယက်နမ်နိုင်ငံရဲ့ အကောင်းဆုံးဟင်းလျာတွေ ရရှိနိုင်တယ်လို့ လည်းဆိုပါတယ်။ အစားအသောက် စုံစုံလင်လင်ရွေးချယ်စားသောက်ချင်ရင်တော့ ခရိုင် ၁ က Cuc Gach Quan ဆိုတဲ့ ကိုလိုနီအိမ်ဂေဟာပုံစံ မွမ်းမံပြင်ဆင်ထားတဲ့ဆိုင်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ခေတ်မီမီ လူငယ်ဆန်ဆန် ပုံစံကြိုက်ရင်တော့ L’Usine လို့ ခေါ်တဲ့ ကော်ဖီဆိုင်နဲ့ ဒီဇိုင်နာဖက်ရှင်တွဲဖွင့်ထားတဲ့ဆိုင် ကိုသွားရောက်နိုင်ပါတယ်။ ဟိုချီမင်းမြို့ က တန်ဖိုးအမြင့်ဆုံး မြို့ ငါးမြို့ စာရင်းဝင်ထားပြီး ငွေသုံးဖို့ နေရာတွေလည်း အများအပြားရှိနေပါတယ်။ […]

Read More