Category: Indonesia

bagan-myanmar

နှစ်သစ်ခရီး:၂၀၁၆ကိုကုန်ဆုံးဖို့အတွက်အကောင်းဆုံးနေရာများ

၂၀၁၇ကိုရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ပြီးတော့၂၀၁၆ ခုနှစ်ကုန်ဆုံးတော့မယ် ဆိုရင်ကောင်းတဲ့ အရာတွေကို  ပြုလုပ်ရင်းကုန်ဆုံးတာ ပိုကောင်းပါတယ်။Christmasကို လပြည့်ညပါတီတွေ နဲ့နှင်းလျှောစီး အပန်းဖြေစခန်းတွေမှာပဲကုန်ဆုံးပြီး အားလပ်ရပ်တွေကို မဖြုန်းတီးပစ်ပါနဲ့။ နှစ်သစ်ကိုကြိုဆိုဖို့အတွက် လှပတဲ့နေရာအချို့ Asia မှာရှိပါတယ်။ Great Wall of China, China ရှေးဦးကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်ပြီး စံပြုလောက်တဲ့ အထင်ကရနေရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ Great Wall က လူသားတွေတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး တံတိုင်းကြီးဖြစ်ပါတယ်။ Jinshanling ကနေ Simatai ကို တစ်ရက်တာ ခြေလျင်သွားခြင်းနဲ့ Bedaling ၀န်းကျင်မှာလည်ပတ်ခြင်းက Beijing ခရီးစဉ်မှာ မပါမဖြစ်ပါပဲ။ တံတိုင်းရဲ့ ပိုပြီး တိတ်ဆိတ်တဲ့နေရာကိုသွားချင်တယ်ဆိုရင်တော့ Gubeikou ကနေ Jinshanling ကိုသွားတဲ့လမ်းကြောင်းကို ရွေးချယ်ပါ။ မဟာတံတိုင်းကြီးက နှစ်သစ်ကိုကြိုဆိုဖို့ အကောင်းဆုံး အတွေ့အကြုံတွေသစ် […]

Read More
Meghalaya waterfall India

Asia ရဲ့ အလှပဆုံး လျှို့ဝှက်နေရာ (၁၀) ခု

လာမယ့်(၁၂)လအတွင်းအာရှရဲ့ဘယ်နေရာကိုသွားရမလဲဆိုတာဆုံးဖြတ်ရခက်နေပါသလား။LonelyPlanetသတင်းထောက်တွေက တောင်တွေကျော်၊ပင်လယ်တွေဖြတ်ပြီးရှာဖွေထားတဲ့စိတ်ဝင်စားဖွယ်နေရာတွေရှိပါတယ်။ကဲ….ဘယ်ကိုသွားမလဲဆိုတာဒီဆောင်းပါးကိုဖတ်ရင်း လေ့လာကြည့်ပါအုံး။ 1 Hokkaido, Japan © Seigo Yamamura/Aflo / Getty Images Hokkaido ရဲ့ အလှပဆုံး နှင်းတွေက နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် Hokkaido မှာရှိတဲ့ ဂျပန်နိုင်ငံမြောက်ဘက်ဆုံး ကျွန်းကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ခြေလျင်ဖြစ်ဖြစ်၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ဖြစ်ဖြစ် တက်နိုင်တဲ့ တောင်တန်းတွေ၊ လှပတဲ့ တောင်ပေါ်ရွာလေးတွေနဲ့ ဂဏန်း၊ ခရု၊ ကမာ စတဲ့ ပင်လယ်စာတွေလည်း ပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Hokkaido ရဲ့တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hakodate နဲ့ Tokyo ကို ကျည်ဆံရထားပြေးဆွဲ နေပြီဆိုတော့ အရင်ထက်အများကြီး သွားရလွယ်ကူသွားတာပေါ့။ ပြေးဆွဲနေတဲ့ ရထားကလည်း နာမည်ကျော် Japan […]

Read More
rebak-island

အရှေ့တောင်အာရှရဲ့ စိတ်ကူးယဉ်အဆန်ဆုံး အပန်းဖြေနေရာ (၉)ခု

1 Song Saa Private Island, Cambodia Cambodia နိုင်ငံ Koh Rong ကျွန်းစုတွေတည်ရှိရာ ပင်လယ်ပြာပြာကြီးထဲမှာ  Koh Quen နဲ့ Koh Bong ကျွန်းနှစ်ကျွန်းကလဲ ဘေးချင်းယှဉ်လျက် လှလှပပ ရှိနေပါတယ်။ အဲ့ဒီ့ကျွန်းနှစ်ကျွန်းကို ဒေသခံတွေက “Song Saa” လို့ခေါ်ကြတယ်။ ခမာအခေါ်အရဆိုရင် “ချစ်သူများကျွန်း” လို့အဓိပ္ပါယ်ရပါတယ်။ Song Saa Private Island ကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တဲ့ ကျွန်းပေါ်က အပန်းဖြေဟိုတယ် တစ်ခုပဲဖြစ်ပါတယ်။ ပင်လယ်ထဲက သယံဇာတတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ပင်လယ်ပြင်ဘက်မှာ အပန်းဖြေအိမ်နည်းနည်းဘဲ ထားရှိပါတယ်။  အပန်းဖြေဟိုတယ်မှာနေပြီး လှပတဲ့ပင်လယ်ပြင်အလှကို အိပ်ရာထဲကနေ လဲလျောင်း ခံစားရင်း အေးအေးဆေးဆေးအနားယူနိုင်ပါတယ် ။ အိပ်ခန်းထဲမှာအနားယူရတာ ပျင်းလာပြီဆိုရင်တော့ နေထွက်ချိန်မှာ […]

Read More
similan-islands-boats-moored-andaman-sea-thailand

၂၀၁၆ ခုနှစ်မှာ လည်ပတ်သင့်တဲ့ အာရှက အလှဆုံး ကျွန်း ၁၅ ခု

ကြည်လဲ့လဲ့ရေ၊ ဖြူလွလွသဲသောင်ပြင်၊ အုန်းပင်နဲ့ တောင်ကုန်းစိမ်းတွေ၊ ရေလှိုင်းစီးတဲ့နေရာတွေနဲ့ အံ့သြဖို့ ကောင်းတဲ့ ရေအောက်ကမ္ဘာတွေရှိနေတဲ့ အာရှတိုက်က လှပတဲ့ကျွန်းတွေကို နတ်ပြည်နဲ့ တောင် တင်စားနိုင်ပါတယ်။ အနားယူဖို့ နဲ့ မြို့ ပြရဲ့ ရှုပ်ထွေးမှုတွေက ရုန်းထွက်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အာရှတိုက်က အလှဆုံး ကျွန်း ၁၅ ကျွန်းကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဆီမီလန် ကျွန်း၊ ထိုင်းနိုင်ငံ (Similan Islands, Thailand) ကျွန်းစု ၉ ခုနဲ့ ဖွဲ့ စည်းထားတဲ့ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းက အန်ဒမန် ပင်လယ်ထဲမှာရှိတဲ့ သာယာလှပတဲ့ ဆီမီလန်ကျွန်းကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ကြည်လင်နေတဲ့ ရေကတော့ ရေငုပ်သမားတွေနဲ့ ရေအောက်ရှုခင်းကြည့်သူတွေရဲ့ အကြိုက်ဖြစ်စေမှာပါ။ ရေအောက်မှာ မီတာ ၂၀ […]

Read More

မန်တာငါးလိပ်ကျောက်တွေကို တွေ့ နိုင်မယ့် အင်ဒိုနီးရှားနိုင်ငံက ရေငုပ်ဖို့ အကောင်းဆုံး နေရာ ၄ ခု

မန်တာငါးလိပ်ကျောက် တွေက ထူးဆန်းတဲ့ ရေသတ္တ၀ါတွေဖြစ်ပြီး သူတို့ ရဲ့ ပြားချပ်တဲ့ ပုံသဏ္ဍာန်နဲ့ ညင်သာတဲ့ လှုပ်ရှားပုံတွေက ရေငုပ်သမားတော်တော်များများကို ဆွဲဆောင်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ခရီးသွားတွေရဲ့  ဆွဲဆောင်မှုဖြစ်တဲ့ ရေသတ္တ၀ါတွေကို ကာကွယ်ဖို့  အင်ဒိုနီးရှားနိုင်ငံက အမိန့် ကြေညာစာတစ်ခုထုတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်းစုနိုင်ငံဖြစ်ပြီး ရေသယံဇာတ ပေါများတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မန်တာငါးလိပ်ကျောက်တွေရဲ့ ခိုလှုံရာ နေရာတစ်ခု အဖြစ်ရှိနေပါတယ်။ ပင်လယ်ကြမ်းပြင်မှာအမြဲနေတဲ့ အဆိပ်ရှိတဲ့အမြီးနဲ့ မီးခိုးရောင်ငါးလိပ်ကျောက်တွေနဲ့  မတူတာကတော့ မန်တာငါးလိပ်ကျောက်တွေက အန္တရာယ်မပြုတတ်ကြတဲ့အပြင် အဆော့မက်ပြီး ရေငုပ်သမားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မန်တာငါးလိပ်ကျောက်တွေကို တွေ့ နိုင်တဲ့နေရာတွေကို အောက်မှာဖော်ပြထားပါတယ်။ မန်တာပွိုင့်၊ နူဆာ ပန်နီဒါ၊ ဘာလီ (Manta Point, Nusa Penida, […]

Read More

သဘာဝ အလှအပ ရှုခင်းတွေကို တ၀ကြီးခံစားနိုင်မယ့် အင်ဒိုနီရှားဘာလီ ကျွန်းပေါ်က ဘီရာတန်ရေကန်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က ဘီရာတန်ရေကန်ဟာ လှပတဲ့ရှုခင်းတွေ၊ ရေပေါ်ကစားနည်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါတယ်။ ဘာလီကျွန်းပေါ်ကရေကန်တွေ အနက်ဒုတိယအကြီးဆုံးရေကန်ဖြစ်ပါတယ်။ ဘရာတန်တောင်နဲ့ ကတ်တန်တောင်တွေရဲ့ဘေး ပင်ဘယ်ပြင်မျက်နှာပြင်အထက် ၁၂၃၁ မီတာအမြင့်မှာတည်ရှိတာပါ။  အကျယ်အ၀န်းကတော့ ၃.၈ စတုရန်းကီလိုမီတာဖြစ်ပြီး ၂၂ မီတာထိနက်ပါတယ်။ ဘာလီကိုလာတဲ့ ခရီးသွားတွေရဲ့ အကြိုက်နေရာတစ်ခုဖြစ်တဲ့ ဘီဒူဂေါ မြို့မှာရှိတာပဲဖြစ်ပါတယ်။   ရောက်လာတဲ့ ခရီးသွားတွေဟာ ဘီဒူဂေါရဲ့အပန်းဖြေစခန်းတွေ၊ဟိုတယ်တွေကနေ ရေကန်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကို ခံစားနိုင်မှာပါ။ ရေကန်မှာလည်းခရီးသွားတွေ လွတ်လွတ်လပ်လပ်  အပန်းဖြေနိုင်ဖို့အတွက် ၀န်ဆောင်မှုတွေပေးထားတာရှိပါတယ်။ ရေကန်ပတ်ပတ်လည်ကို ဘုတ်စီးပြီးလည်ပတ်လို့ရပါတယ်။ Parasail လို့ခေါ်တဲ့ မော်တော်ဘုတ်နဲ့ ဆွဲတဲ့ လေထီးကိုစီးရတဲ့ ကစားနည်းလည်းရှိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လှေလှော်ချင်ပါတယ်ဆိုတဲ့သူတွေ အတွက်လည်း ရိုးရာကနူးလှေလှော်လို့ရတဲ့ အပြင် ရေပေါ်စကိတ်စီးခြင်း၊ ရေကူးခြင်းနဲ့ တခြားသော ကစားနည်းတွေကလည်း သင့်ကို ကြိုဆိုနေမှာပါ။ […]

Read More