Category: Bangkok

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ တွေ့ကြုံခံစားနိုင်မယ့် အကောင်းဆုံး အရာ (၆) ခု

ထိုင်းနိုင်ငံရဲ့အစွန်အဖျားကိုသွားလည်ပြီး ရွှေတြိဂံနယ်မြေကို သွားရောက်လေ့လာနိုင်ပါတယ်။ Image credit: Nathan Hughes Hamilton ယနေ့ခေတ်မှာတည်ခဲ့တဲ့ ဘုရားတွေကို သွားရောက်ဖူးမြော်ပြီးပြီဆိုရင်တော့ သမိုင်းကြောင်းတွေကိုလေ့လာဖို့အချိန်ရောက်ပါပြီ။ Mae Sai ဒါမှမဟုတ် Chiang Sen ကနေ အပြာရောင် songthaew ကားလေးတွေကိုစီးပြီး ရွှေတြိဂံဒေသကိုသွားလို့ရသလို Chaing Rai bus ကားဂိတ်ကနေ minibus လေးတွေစီးပြီးလည်း သွားနိုင်ပါတယ်။ ရွှေတြိဂံနယ်မြေ ဆိုတာကတော့ လာအို၊မြန်မာနဲ့ ထိုင်း နိုင်ငံသုံးခု ထိစပ်ရာဒေသကို Mekong မြစ်နဲ့ Ruak မြစ်နှစ်ခု ပေါင်းစုံပြီး နိုင်ငံနယ်နိမိတ်ပိုင်းခြားပေးထားရာဒေသပဲဖြစ်ပါတယ်။ လာအိုနိုင်ငံကို visa မလိုဘဲ လှေစီးပြီး သွားနိုင်ပါတယ်။ ပိုပြီးပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင်တော့ ရွှေတြိဂံဒေသရဲ့သမိုင်းကြောင်းကို “The House of Opium” ပြတိုက်မှာ လေ့လာနိုင်ပါတယ်။ […]

Read More
bangkok-markets

ဘန်ကောက်မြို့ မှာ သင် မလုပ်ရသေးတဲ့ လုပ်သင့်တဲ့ အချက် ၅ ချက်

ကျွန်တော်တို့ အာရှတိုက် ရောက်တိုင်း ဘန်ကောက်မြို့ကို ခဏခဏ ရောက်ဖြစ်ခဲ့ပါတယ်။ ဘန်ကောက်မြို့ကြီး နဲ့ ပတ်သက်ပြီး တစ်ခေါက်နဲ့ တစ်ခေါက် မတူညီတဲ့ အတွေ့အကြုံတွေ ရရှိခဲ့သလို တွေ့ဖို့ ရေစက်ပါတဲ့ သူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဘန်ကောက်မြို့ဟာ အာရှတိုက်မှာ နာမည်အကြီးဆုံး နေရာ တွေ ထဲက တစ်ခုအပါအ၀င်ပါ။ ဘန်ကောက်မြို့မှာ ညစ်ပတ်တာတွေ၊ လေထု ညစ်ညမ်းတာတွေ၊ ဖရိုဖရဲ ဖြစ် တာတွေ နဲ့ (ကျွန်တော်တို့ လုံးဝ အားမပေးတဲ့) လိင် ခရီးသွား လုပ်ငန်း ပေါများတာတွေ စတဲ့ မကောင်းတဲ့ အချက်တွေ ရှိနေပေမယ့် တစ်ဖက် မှာလည်း ကမ္ဘာအရပ်ရပ်က နိုင်ငံတော်တော်များများ နဲ့ ဆက်ဆံနေတဲ့ မြို့တစ်မြို့ဆိုတာ ငြင်းလို့မရပါဘူး။ ဘန်ကောက်မြို့မှာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ […]

Read More

တစ်သက်တာမမေ့နိုင်စရာ ရှုခင်းလှလှတွေဝန်းရံထားတဲ့ အံ့ဖွယ်စားသောက်ဆိုင်(၁၈) ခု

အခုဖော်ပြပေးမယ့် စားသောက်ဆိုင်တွေကတော့ ဟိုး…..ကောင်းကင်ထက်ကနေ ရေအောက်ပင်လယ်ပြင်အထိ အမြဲအမှတ်ရနေစေမယ့် ပတ်ဝန်းကျင်မှာတည်ရှိပြီး လာရောက်စားသုံးသူတွေကို ကြည်နူးမှုတွေပေးစွမ်းမှာ အသေအချာပါဘဲ။ အတိတ်ကသမိုင်းဝင်နေရာတွေဆီပြန်သွားမလား….။ မျက်စိတစ်ဆုံး ရှုခင်းတွေကို ငေးကြည့်ချင်လား….။ ဒီဆိုင်တွေက အမှတ်တရတွေကိုဖန်တီးပေးမယ့်အပြင် နောက်တစ်ခါ မလာဘဲမနေနိုင်အောင် ဆွဲဆောင်နေမှာပါ။ 1 Luxury Ferris Wheel Sky Dining @ The Singapore Flyer- Singapore ဒီစားသောက်ဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံး ချားရဟတ်ကြီးဖြစ်တဲ့ Singpore Flyer ရဲ့ ၁၆၅မီတာ (၅၄၁ပေ) အမြင့်မှာ တည်ရှိပါတယ်။ Marina Bay ရဲ့အလှကို ကောင်းကင်ယံကနေ ရှုစားနိုင်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားရဲ့ မြင်ကွင်းတွေကိုလည်း အဝေးကလှမ်းမြင်ရမှာပါ။ ဝေဟင်ထက်မှာ စားသုံးနိုင်မယ့်အပြင် ဟင်းလျာတွေကို စနစ်တကျ ဘီးတပ်ထားတဲ့စင်တွေနဲ့ သယ်ဆောင်လာပေးတဲ့စနစ်ကိုလည်း […]

Read More

အားလပ်ရက်ရှည်အတွင်းမှာ ကန်ချနာဘူရီ သို့ သွားရောက်လည်ပတ်သင့်တဲ့ အကြောင်းရင်း (၇) ချက်

၁။ သတ္တုတူးဖော်ခဲ့ရာ ဥမင်ဟောင်း Credit: www.sahakornnikom.go.th သွန်ဖဖန်ဒေသရှိ စွန့်ပစ်ခံ ဥမင်လိုဏ်ခေါင်းဟာ ယခုနောက်ပိုင်းမှ လူသိများလာတဲ့ ဒေသရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ၂ ကီလိုမီတာ ရှည်လျားတဲ့ ယင်း မြေအောက်ဥမင်လိုဏ်ဂူဟာ ထိုင်းနိုင်ငံရဲ့ ဧဝရက်တောင်လို့ ဒေသခံတွေ တင်စားခေါ်ဝေါ်ကြတဲ့ တောင်ရဲ့အတွင်းပိုင်းမှာ ဖောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ လာရောက်လည်ပတ်သူတွေကို တစ်ယောက်ထဲတော့ လည်ပတ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဝပ်ဆာဖန် ရှိ တာဝန်ရှိသူတွေကို ဆက်သွယ်ရင်တော့ သူတို့က လေးဘီးယက် ကားနဲ့ လည်ပတ်နိုင်ဖို့ စီစဉ်ပေးမှာပါ။ အသေးစိတ်သိချင်ရင်တော့ ၀၉၉-၉၇၈-၃၈၃၃ ကို ဆက်သွယ်နိုင်ပါတယ်။ ၂။ ဖဆာဝမ် ရေတံခွန် Credit: www.sahakornnikom.go.th သွန်ဖဖွန်ခရိုင်တွင်းရှိ စိမ်းစိုနေတဲ့ အပူပိုင်းတောအလယ်က ၄င်းရေတံခွန်ဟာ စွန့်စွန့်စားစား ခရီးသွားလာမှုကို ကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးနေရာတစ်ခုပါ။ […]

Read More
Siam Ocean World

ဘန်ကောက်မြို့ရဲ့အထင်ကရနေရာများ

ဘန်ကောက်မြို့လယ်ခေါင် Chao Phraya မြစ်ကမ်းပေါ်မှာရှိတဲ့ Grand Palace က ခံ့ညားတဲ့ အဆောက်အဦကြီးဖြစ်ပြီး ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေထဲကတစ်ခုပါ။ ထိုင်းနဲ့ ဥရောပဗိသုကာလက်ရာတွေ ရောနှောထားတဲ့ Grand Palace က ထိုင်းဘုရင်နောက်ဆုံးမင်းဆက်အထိ နေခဲ့တဲ့နန်းတော်ဖြစ်ပြီး အခုအချိန်ထိလည်း တော်ဝင်အခမ်းအနားတွေကို အဲ့ဒီ့မှာကျင်းပလေ့ရှိတယ်။ အဆောက်အဦတွေ၊ခန်းမတွေ၊ဥယျာဉ်တွေ မြက်ခင်းပြင်တွေရှိတဲ့ နေရာတစ်ခုဖြစ်ပြီး သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပါ။ Opening Closing Time – 8:30 am to 3:30 pm (Daily) Entrance Fee -400 Baht   ဘန်ကောက်မြို့ရဲ့ အကောင်းဆုံး တိရစ္ဆာန်ရုံဖြစ်တဲ့ Safari World ကိုနှစ်ပိုင်းခွဲထားပါတယ်။ ပထမပိုင်းက တိရစ္ဆာန်ရုံနဲ့ အပန်းဖြေဥယျာဉ်ဖြစ်ပြီး လူတိုင်းလာရောက်အပန်းဖြေနိုင်တယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းက တောတွင်းတိရစ္ဆာန်ရာချီရှိပြီး အာဖရိကတောနက်ကြီးပုံစံ […]

Read More
long-table-bangkok

ဘတ်၁၅၀၀ရှိရုံနဲ့ အရသာရှိတဲ့အစားအစာတွေကိုသုံးဆောင်နိုင်မယ့် ဘန်ကောက်ကစားသောက်ဆိုင် (၁၅)ခု

အာရှရဲ့နာမည်ကြီးမြို့တော်တစ်ခုဖြစ်တဲ့ ဘန်ကောက်ဟာ ခရီးသွားအများစုရဲ့အာရုံကို ဖမ်းစားထားပါတယ်။ အရသာရှိတဲ့အစားအသောက်တွေကလည်း ဘန်ကောက်ရဲ့ ဆွဲဆောင်မှုတစ်ခုပါဘဲ။ ခရီးသွားတွေအတွက်တော့ အစားအသောက်ကောင်းရုံမက ဈေးသက်သာဖို့လည်း လိုတယ်လေ။ အဲ့ဒါကြောင့်ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတဲ့အစားအစာတွေရနိုင်တဲ့ စားသောက်ဆိုင်တချို့ကိုပြောပြပေးချင်တယ်။ ၁. Le Du Restaurant Le Du Restaurant ဆိုတာကတော့ ဘန်ကောက်မှာမကြာခင်ကမှဖွင့်လှစ်လိုက်တဲ့ စားသောက်ဆိုင်အသစ်လေးပါ။ အဲ့ဒီ့စားသောက်ဆိုင်ကိုလူတွေသိပ်မသိခင်၊ နေရာရဖို့သိပ်မခက်ခဲခင် သွားကြည့်လိုက်ပါ။ ဆိုင်နာမည်က ပြင်သစ်အသံထွက်ဖြစ်ပေမယ့် Le Du ဆိုတာ ပြင်သစ်စားသောက်ဆိုင်မဟုတ်ပါဘူး။ Le Du ဆိုတာ ထိုင်းလိုဆိုရင် ‘ရာသီဥတု ’ လို့အဓိပ္ပါယ်ရပြီး အဲ့ဒီဆိုင်မှာရတဲ့အစားအစာတွေကတော့ အမျိုးအမည်တပ်ဖို့ နည်းနည်းခက်ပါတယ်။ လူငယ်ဆန်ဆန် ဆန်းသစ်တဲ့ဟင်းလျာတွေလို့ပဲပြောရမှာပေါ့။ ဟင်းတွေက ထိုင်းအရသာကိုအခြေခံပြီး နိုင်ငံတကာက ဟင်းအငွေ့အသက်တွေလည်း ထည့်သွင်းထားပါတယ်။ လူငယ်ဆန်ဆန်ဆိုလို့ စာဖိုမှူးတွေကို အပျော်တမ်းချက်တဲ့သူတွေလို့ မထင်လိုက်ပါနဲ့။ Le […]

Read More
bagan

Asia ရဲ့ လူကြိုက်အများဆုံး မြို့ ၁၀ မြို့ 

ကမ္ဘာလှည့်ခရီးသွားတွေအတွက် Asia ရဲ့  လူကြိုက်အများဆုံး မြို့ ၁၀ မြို့ ကိုဖော်ပြပေးလိုက်ပါတယ်။ ၁၀။ ဟိုချီမင်းမြို့  ဗီယက်နမ်နိုင်ငံက ဟိုချီမင်း ဒါမှမဟုတ် ဆိုင်ဂုံမြို့ မှာ ပျော်စရာတွေများလာတာကို လူတိုင်းနီးပါးလက်ခံလာကြပါတယ်။ ဒါ့အပြင် ဟိုချီမင်းမြို့ မှာ ဗီယက်နမ်နိုင်ငံရဲ့ အကောင်းဆုံးဟင်းလျာတွေ ရရှိနိုင်တယ်လို့ လည်းဆိုပါတယ်။ အစားအသောက် စုံစုံလင်လင်ရွေးချယ်စားသောက်ချင်ရင်တော့ ခရိုင် ၁ က Cuc Gach Quan ဆိုတဲ့ ကိုလိုနီအိမ်ဂေဟာပုံစံ မွမ်းမံပြင်ဆင်ထားတဲ့ဆိုင်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ခေတ်မီမီ လူငယ်ဆန်ဆန် ပုံစံကြိုက်ရင်တော့ L’Usine လို့ ခေါ်တဲ့ ကော်ဖီဆိုင်နဲ့ ဒီဇိုင်နာဖက်ရှင်တွဲဖွင့်ထားတဲ့ဆိုင် ကိုသွားရောက်နိုင်ပါတယ်။ ဟိုချီမင်းမြို့ က တန်ဖိုးအမြင့်ဆုံး မြို့ ငါးမြို့ စာရင်းဝင်ထားပြီး ငွေသုံးဖို့ နေရာတွေလည်း အများအပြားရှိနေပါတယ်။ […]

Read More
Thailand_Bangkok

ဘန်ကောက်၃ရက်တာခရီးစဉ်အတွက်ဆောင်ရန် ရှောင်ရန်များ

ဘန်ကောက်မြို့ဟာအခြားမြို့များနဲ့မတူတမူထူးခြားတဲ့စိတ်လှုပ်ရှားဖွယ်ရာမြို့တစ်မြို့ ဖြစ်ပါတယ်။သွားလည်မယ်ဆိုရင်တော့ သတိပြုစရာတချို့ရှိပါတယ်။ ၁။    “show money”ပြဖို့အတွက်ဒေါ်လာ၇၀၀ယူခဲ့ပါ။ ပြည်ဝင်ဂိတ်ကတခါတရံ စစ်တတ်လို့ပါ။နေရာတိုင်းမှာငွေလဲကောင်တာတွေရှိပါတယ်။ပတ်စ်ပို့ယူလာဖို့သာ မမေ့ပါနဲ့။   ၃။    လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ ၁ပတ်စာFree Internet ပါတဲ့ထိုင်းsim card ၁ခု နဲ့ ဘန်ကောက်မြေပုံ၁ခု ၀ယ်လိုက်ပါ။        ၄။    Transport အတွက်ကတော့airport transfer ကိုဈေးများတယ်လို့ထင်ရင် လေဆိပ်ကနေ HotelအထိTaxi စီးလို့ရပါတယ်။Pratunam area မှာနေမယ်ဆိုရင် တော့ taxiခ ဘတ်၃၅၀-၄၀၀အတွင်းရှိပါတယ်။ ဟိုတယ်ဘောက်ချာမှာပါတဲ့လိပ်စာ ကိုပြလိုက်ရုံပါဘဲ။ မြို့ထဲမှာလည်ဖို့ အတွက်ကတော့ သုံးဘီး ဒါမှမဟုတ် Taxi နဲ့သွား နိုင်ပါတယ်။မီတာနဲ့ပေးရတဲ့Taxiတွေကဈေးပိုသက်သာပြီး သုံးဘီးတွေကဈေးကြီးပါတယ်။ဒါပေမယ့်ဈေးဆစ်လို့တော့ရပါတယ်။ Hotel လိပ်စာကိုသာ Taxi driverတွေကို ပြဖို့ယူသွားပါ။ ၅၊၊ ရေပေါ်ဈေးကိုလည်းရောက်အောင်သွားခဲ့ပါ။ထိုနေရာသည်လည်းစိတ်ဝင်စားစရာကောင်းသောနေရာတစ်ခုဖြစ်ပါတယ်။ ၆။    Samut Prakhan မှာရှိတဲ့ […]

Read More