Category: Bali

Meghalaya waterfall India

Asia ရဲ့ အလှပဆုံး လျှို့ဝှက်နေရာ (၁၀) ခု

လာမယ့်(၁၂)လအတွင်းအာရှရဲ့ဘယ်နေရာကိုသွားရမလဲဆိုတာဆုံးဖြတ်ရခက်နေပါသလား။LonelyPlanetသတင်းထောက်တွေက တောင်တွေကျော်၊ပင်လယ်တွေဖြတ်ပြီးရှာဖွေထားတဲ့စိတ်ဝင်စားဖွယ်နေရာတွေရှိပါတယ်။ကဲ….ဘယ်ကိုသွားမလဲဆိုတာဒီဆောင်းပါးကိုဖတ်ရင်း လေ့လာကြည့်ပါအုံး။ 1 Hokkaido, Japan © Seigo Yamamura/Aflo / Getty Images Hokkaido ရဲ့ အလှပဆုံး နှင်းတွေက နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် Hokkaido မှာရှိတဲ့ ဂျပန်နိုင်ငံမြောက်ဘက်ဆုံး ကျွန်းကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ခြေလျင်ဖြစ်ဖြစ်၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ဖြစ်ဖြစ် တက်နိုင်တဲ့ တောင်တန်းတွေ၊ လှပတဲ့ တောင်ပေါ်ရွာလေးတွေနဲ့ ဂဏန်း၊ ခရု၊ ကမာ စတဲ့ ပင်လယ်စာတွေလည်း ပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Hokkaido ရဲ့တောင်ဘက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hakodate နဲ့ Tokyo ကို ကျည်ဆံရထားပြေးဆွဲ နေပြီဆိုတော့ အရင်ထက်အများကြီး သွားရလွယ်ကူသွားတာပေါ့။ ပြေးဆွဲနေတဲ့ ရထားကလည်း နာမည်ကျော် Japan […]

Read More

ပျားရည်ဆမ်းခရီးအဖြစ် သွားသင့်တဲ့ အာရှရဲ့ ရိုမန်တစ်ဆန်တဲ့နေရာတွေ

ကမ္ဘာ့အကြီးဆုံးတိုက်ကြီးတစ်ခုဖြစ်တဲ့ အာရှတိုက်ဟာ စိတ်ကူးယဉ်ဖွယ် အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ။ ကမ္ဘာ့အမြင့်မားဆုံးတောင်တန်းကြီးတွေ၊ ဖြူလွှလွှ သဲသောင်ပြင်ကမ်းခြေတွေ၊ အခြောက်သွေ့ဆုံး ကန္တာရတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီအရာတွေထဲမှာမှ ပင်လယ်ကမ်းခြေတွေက ကြင်စဦးမောင်နှံတွေအတွက် ပျားရည်ဆမ်းခရီးသွားဖို့ ဆွဲဆောင်မှုအရှိဆုံးနေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေရဲ့ ပျားရည်ဆမ်းခရီးစဉ်အတွက် သွားသင့်တဲ့နေရာ (၁၀) ခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။   ၁။ ထိုင်းနိုင်ငံမှ ဖူးခတ်ကမ်းခြေ Credit : www.tripzilla.com ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဖြစ်တဲ့ ဖူးခတ်ကမ်းခြေဟာ ပျားရည်ဆမ်းခရီး ထွက်ချင်သူတွေအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ ဇိမ်ခံဟိုတယ်ကြီးတွေ၊ စည်းချက်ညီညာနေတဲ့ ညခင်းတွေ၊ ရိုမန်တစ်ဆန်တဲ့ နေဝင်ဆည်းဆာအလှတွေ ရင်ခုန်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေနှင့် အကောင်းဆုံးပင်လယ်စာတွေ ရရှိနိုင်မယ့် နေရာကတော့ ဖူးခတ်ပါပဲ။   ၂။ မော်လ်ဒိုက်ကျွန်းစုများ Credit : www.tripzilla.com […]

Read More
bali wawa

ဒေါ်လာ၅၀ရှိရုံနဲ့ တည်းနိုင်မယ့် ဘာလီက ဟိုတယ် (၁၂) ခု

ဒေါ်လာ၅၀ရှိရုံနဲ့ တည်းနိုင်မယ့် ဘာလီက ဟိုတယ် (၁၂) ခု အနုပညာရှင်တွေနဲ့ နီးနီးကပ်ကပ်နေချင်လား ၊ မြို့ထဲမှာ အခန်းငှားပြီးတည်းချင်လား၊ စပါးခင်း တွေကြားမှာနေချင်လား၊ ပင်လယ်ပြင်ကြီးရဲ့အလှကိုခံစားပြီး နေချင်လား။ ဘာလီမှာ အကုန်လုံး ဖြစ်နိုင်ပါတယ်။ ဒါတွေအကုန်လုံးအတွက် ကျသင့်မယ့်ငွေပမာဏက ကိုယ်တတ်နိုင်သလောက်ဘဲဆိုတော့ ဒီ့ထက်ကောင်းတာ ဘာများရှိဦးမလဲ? သတိပြုရန် ။ အောက်မှာဖော်ပြထားတဲ့ ဈေးတွေအားလုံးက ဧည့်သည်နည်းပါးတဲ့ အချိန်အတွက်သာဖြစ်ပြီး Tax နဲ့ Service charges တွေလဲ မပါဝင်ပါဘူး ။ နေထိုင်စရိတ်တွေက ခရီးသွားတဲ့အချိန်ရယ် အခန်းအား/မအားရယ် ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်တဲ့အတွက် ဘိုကင်မလုပ်ခင် ဈေးနှုန်းတွေကို သေချာအောင် စုံစမ်းဖို့တော့လိုမယ်နော် ။ (၁) ရေရှည်နေဖို့အတွက်ဆိုရင် Cozy Stay မှာနေပါ။ (Rooms start at USD […]

Read More

သဘာဝ အလှအပ ရှုခင်းတွေကို တ၀ကြီးခံစားနိုင်မယ့် အင်ဒိုနီရှားဘာလီ ကျွန်းပေါ်က ဘီရာတန်ရေကန်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က ဘီရာတန်ရေကန်ဟာ လှပတဲ့ရှုခင်းတွေ၊ ရေပေါ်ကစားနည်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါတယ်။ ဘာလီကျွန်းပေါ်ကရေကန်တွေ အနက်ဒုတိယအကြီးဆုံးရေကန်ဖြစ်ပါတယ်။ ဘရာတန်တောင်နဲ့ ကတ်တန်တောင်တွေရဲ့ဘေး ပင်ဘယ်ပြင်မျက်နှာပြင်အထက် ၁၂၃၁ မီတာအမြင့်မှာတည်ရှိတာပါ။  အကျယ်အ၀န်းကတော့ ၃.၈ စတုရန်းကီလိုမီတာဖြစ်ပြီး ၂၂ မီတာထိနက်ပါတယ်။ ဘာလီကိုလာတဲ့ ခရီးသွားတွေရဲ့ အကြိုက်နေရာတစ်ခုဖြစ်တဲ့ ဘီဒူဂေါ မြို့မှာရှိတာပဲဖြစ်ပါတယ်။   ရောက်လာတဲ့ ခရီးသွားတွေဟာ ဘီဒူဂေါရဲ့အပန်းဖြေစခန်းတွေ၊ဟိုတယ်တွေကနေ ရေကန်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကို ခံစားနိုင်မှာပါ။ ရေကန်မှာလည်းခရီးသွားတွေ လွတ်လွတ်လပ်လပ်  အပန်းဖြေနိုင်ဖို့အတွက် ၀န်ဆောင်မှုတွေပေးထားတာရှိပါတယ်။ ရေကန်ပတ်ပတ်လည်ကို ဘုတ်စီးပြီးလည်ပတ်လို့ရပါတယ်။ Parasail လို့ခေါ်တဲ့ မော်တော်ဘုတ်နဲ့ ဆွဲတဲ့ လေထီးကိုစီးရတဲ့ ကစားနည်းလည်းရှိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လှေလှော်ချင်ပါတယ်ဆိုတဲ့သူတွေ အတွက်လည်း ရိုးရာကနူးလှေလှော်လို့ရတဲ့ အပြင် ရေပေါ်စကိတ်စီးခြင်း၊ ရေကူးခြင်းနဲ့ တခြားသော ကစားနည်းတွေကလည်း သင့်ကို ကြိုဆိုနေမှာပါ။ […]

Read More